Thursday, May 26, 2011

အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာ၍ သဘာဝ သယံဇာတများ ထွက်ရှိရာ ဒေသများမှ ဒေသခံအချို့ ပြည်တွင်း၊ ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်မှုများ ပိုမိုလာ

မြန်မာနိုင်ငံရှိ နာမည်ကျော် သဘာဝသယံဇာတ တွင်းထွက်ပစ္စည်း များ ထွက်ရှိရာဒေသများမှ ဒေသခံ များသည် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပသို့ မိမိဒေသကို
စွန့်ခွာ၍ ပြောင်းရွှေ့လုပ်ကိုင်မှုများ ပိုမို လာသည်ဟု သတင်းရရှိပါသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ကချင်ပြည်နယ်မှ ထွက်ရှိသော ကျောက်စိမ်းနှင့် မန္တလေးတိုင်း ဒေသ
ကြီး မိုးကုတ်မြို့နယ်ထွက် ပတ္တမြားတို့မှာ ကမ္ဘာတွင် ထင်ရှားသော ကျောက်မျက်ရတနာများ ဖြစ်ကြ
သည်။ ယင်းဒေသများမှ ဒေသခံ များသည် သယံဇာတ တူးဖော်ရေး လုပ်ငန်းများကို အမှီပြုလုပ်ကိုင်
မှု များရှိခဲ့ကာ စိုက်ပျိုးရေးကဲ့သို့သော လုပ်ငန်းများကိုလည်း လုပ်ကိုင်မှု များရှိခဲ့ပြီး မိမိဒေသ၀န်းကျင်
မြို့နယ်များမှလွဲ၍ အခြားသော ပြည်တွင်း မြို့ကြီးများသို့ ပြောင်းရွှေ့မှု၊ ပြည်ပ ပြောင်းရွှေ့မှုမှာလည်း
နည်းပါးခဲ့သည်။

“မိုးကုတ်မှာ သတိထားမိတာ က လူငယ်လူရွယ် နည်းလာတာပါပဲ။ အရင်ကတော့ ကိုယ့်ဒေသမှာပဲ လုပ်ကိုင်စားကြတာများတယ်။ အခု နောက်ပိုင်းတော့ တော်တော်များများ ပြောင်းကြတာတွေ ရှိလာ
တယ်။ ပညာတတ်တဲ့သူက ပညာတတ်တဲ့ အလျောက်၊ အတန်းပညာနည်းတဲ့ သူက အခြေခံလုပ်သား စတာတွေ လုပ်ကြတယ်။ မိုးကုတ်သူ မိုးကုတ်သားတွေ သူများမြို့မှာ အခြေခံ အလုပ် လုပ်ရတယ်ဆို
တာ အရင်က မရှိ ခဲ့ဘူး။ ကိုယ့်ဒေသမှာ အလုပ်ပေါတာကိုး။ ခုတော့ ဒီလိုမဟုတ်တော့ဘူး။ ဒေသခံ
တွေမှာ လုပ်ကိုင်နိုင် ခွင့်တွေ နည်းလာတယ်”ဟု မိုးကုတ် မြို့ခံတစ်ဦးက ပြောပြသည်။

သဘာဝ သယံဇာတ တူးဖော်ရေးလုပ်ငန်းများတွင် ယခုအခါ ငွေကြေး အရင်းအနှီးများစွာနှင့် လုပ်ကိုင် နိုင်ခွင့်များရရှိ၍ ၀င်ရောက်လုပ်ကိုင်မှုများ ရှိလာခဲ့သည့်အတွက် ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းပိုင်းတွင် သက်ရောက်မှုများ ရှိလာကြောင်း သိရှိရသည်။


ဟိုးတုန်းက တောထဲ ၀ါးရှာထင်းရှာသွားရင်းနဲ့ အပြန်မှာ မြေကြီး တစ်ချက်နှစ်ချက်လောက် ဆွလိုက်ရင်ပဲ ရွှေတွေ့တယ်လို့ ဆိုကြတယ်။ အခုတော့ သယံဇာတတွေ တူးလိုက်ကြတာဆိုတာ တစ်နိုင်တစ်ပိုင် ဘယ် ကတော့မလဲ။ ငွေကြေးတတ်နိုင်တဲ့သူတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ခွင့်ရကြတယ်။

“မိုးကုတ်က ပြောင်းလာတာ ကြာပြီ။ အဲဒီတုန်းကတော့ လုပ်ကိုင်ရတာ ကောင်းသေးတယ်။ ကိုယ်က
တော့ သားသမီးတွေ ပညာရေးအတွက် ပြောင်းတာ။ ပြောင်းတဲ့အချိန် ကောင်းသွားတယ် ပြောရမှာပေါ့။ ဒီဘက်ပိုင်းမှာလည်း အခြေကျသွားတော့လေ။ အခုနောက်ပိုင်း မြို့ကနေ ပြောင်းမယ်ဆိုရင်တော့
ဒီလောက် အခြေကျဖို့ မလွယ်တော့ဘူး။

မိုးကုတ် မှာလုပ်ငန်း အခြေအနေက အရင်လို မဟုတ်တော့ပါဘူး”ဟု မန္တလေးမြို့ တွင် အခြေချ နေထိုင်လျက်ရှိသည့် မိုးကုတ်မြို့ခံတစ်ဦးက ပြောပြသည်။

ထို့အတူ ကျောက်စိမ်းများ ထွက်ရှိမှုကြောင့် ထင်ရှားသော က ချင်ပြည်နယ်တွင်လည်း ယခင်က တစ်နိုင်တစ်ပိုင် တူးဖော်ရေးလုပ်ငန်း အသွင်မျိုးသာ များပြားခဲ့ရာမှ ယခု နောက်ပိုင်းတွင် ငွေကြေး
အလုံးအ ရင်းနှင့် ၀င်ရောက်လုပ်ကိုင်မှုများ ပို မိုလာခဲ့ကြောင်း သိရှိရသည်။

“လူကြီးသူမတွေ ပြောတာ ကြားဖူးတာတော့ ဟိုးတုန်းက တော ထဲ ၀ါးရှာထင်းရှာသွားရင်းနဲ့ အပြန်
မှာ မြေကြီးတစ်ချက်နှစ်ချက်လောက် ဆွလိုက်ရင်ပဲ ရွှေတွေ့တယ်လို့ဆိုကြတယ်။အခုတော့သယံဇာ
တတွေတူး လိုက်ကြတာဆိုတာ တစ်နိုင်တစ်ပိုင် ဘယ်ကတော့မလဲ။ ငွေကြေးတတ် နိုင်တဲ့သူတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ခွင့်ရကြတယ်။ ဒေသခံတွေက တော့အခြေခံအလုပ်လောက်ပဲရှိမယ်။

စိုက်ပျိုးရေးလုပ်ငန်းဆိုတာကလည်း သိပ်ကောင်းတာမဟုတ်တော့ လူ ငယ်လူရွယ်တွေဆိုတာ အခု
နောက် ပိုင်းမရှိသလောက်ပဲ။ ရွာတွေမှာ တောင် လူငယ်တွေသိပ်မရှိတော့ ဘူး”ဟု ရန်ကုန်မြို့သို့
ပြောင်းရွှေ့ လာသူ ကချင်တိုင်းရင်းသားတစ်ဦး က ပြောပြသည်။

မြန်မာနိုင်ငံ၏ သဘာဝသယံ ဇာတများ ထွက်ရှိရာ ကျောက်မျက် ရတနာ နယ်မြေများတွင် ကျောက် မျက်ရတနာများ ထွက်ရှိမှုမှာ နှစ်စဉ် လျော့နည်းလာခဲ့သည်ဟုသိရသည်။

No comments: