Showing posts with label မှတ်ပုံတင်. Show all posts
Showing posts with label မှတ်ပုံတင်. Show all posts

Wednesday, August 10, 2011

လူမျိုးခြားများ၊ သွေးနှောသူများကိုလည်း ဥပဒေနှင့် ညီညွတ်ပါက နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးဟုဆို


လူမျိုးခြားများ၊ လူမျိုးခြားနှင့် သွေးနှောသူများကိုလည်း ဥပဒေနှင့် ညီညွတ်ပါက နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးကြောင်း ရန် ကုန်တိုင်းဒေသကြီး လူဝင်မှုကြီး ကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၁ ရက်နေ့ကပြုလုပ်သည့် စာနယ်ဇင်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

လူမျိုးခြား သို့မဟုတ် သွေးနှောသူများကို နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းရှိ၊ မရှိနှင့် ရှိ ပါက မည်သို့စိစစ်ပြီး ထုတ်ပေးကြောင်းနှင့် ပတ်သက်ပြီးမေးမြန်းချက် အပေါ် ၎င်းက ‘ဥပဒေနဲ့ညီရင် ထုတ်  ပေးပါတယ်’ ဟု ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၂၂ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား စိစစ်ထုတ်ပေးရေး လုပ်ငန်း ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးစဉ် ကလည်း မိမိဝန်ကြီးဌာန အနေဖြင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြား ရသင့်သူများအား လွယ်ကူလျင်မြန်စွာ ထုတ်ပေးရန် တာဝန်ရှိသကဲ့သို့ မရသင့်သူများကိုလည်း မှားယွင်းထုတ်ပေးမှု မရှိစေရေးအတွက် စိစစ်ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ ယခုအခါ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွား သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေး လုပ်ငန်းများဆောင်ရွက် ပေးလျက်ရှိသော်လည်း သွေးနှောနှင့် သံသယရှိသူများအတွက် ဆောင်ရွက်ရာတွင် အဆင့်ဆင့်တင်ပြ စိစစ်ရသည့်အတွက် အချိန်ကြန့်ကြာမှုရှိကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။


တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသော်လည်း သွေးနှောနှင့် သံသယရှိသူများအတွက် ဆောင်ရွက်ရာတွင် အဆင့်ဆင့် တင်ပြ စိစစ်ရသည့်အတွက် အချိန်ကြန့်ကြာမှုရှိကြောင်း . . .

နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ရာတွင် လိုအပ်သည့် အထောက်အထားများမှာ အသက် ၁၀ နှစ်ပြည့် လျှောက်ထားခြင်းဖြစ်လျှင် ကာယကံရှင် နှင့်အတူ မိဘ(သို့မဟုတ်) အုပ်ထိန်း သူမှ လာရောက်ရမည်ဖြစ်ပြီး အသက် ၁၈ နှစ် လျှောက်ထားခြင်းဖြစ်ပါက  ကာယကံရှင်ကိုယ်တိုင် လာရောက်ရမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လျှောက်ထားသူ အမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်းနှင့် မိတ္တူတစ်စောင် ပါရှိရမည် ဖြစ်ပြီး မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီးသော ရှေ့ပြေးလျှောက်လွှာ၊  အသက်အတွက် ကျောင်းထောက်ခံချက် (သို့မဟုတ်) မွေးစာရင်းမူရင်းနှင့် မိတ္တူ၊ မိဘနှစ်ပါးကိုင်ဆောင်ထားသော အထောက်အထား လက်မှတ်မူရင်းနှင့်မိတ္တူ၊ ကာယကံရှင်၏သွေး  စစ်လက်မှတ်မူရင်း၊ ရပ်ကွက်/ကျေး ရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ် စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် ဓာတ်ပုံလေးပုံ ပါရှိရန် လိုအပ်ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် အသက် ၁၀ နှစ်ပြည့် သို့မဟုတ် ၁၈ နှစ်ပြည့် လျှောက်ထားခြင်းအတွက် ငွေ ခြောက်ကျပ်ဖြင့် ၂၈ ရက်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား(ပျောက်ဆုံး/ပျက်စီး) မိတ္တူလျှောက်ထားခြင်းကိုလည်း ငွေတစ်ဆယ်ကျပ်ဖြင့် ၂၈ ရက်အတွင်း ဆောင်ရွက်ပေးနေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ဖြန့်ချိထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများတွင် ဖော်ပြပါရှိကြောင်း သိရသည်။    

Monday, May 23, 2011

နိုင်ငံသားသက်သေခံလက်မှတ် (မှတ်ပုံတင်ကတ်ပြား)များကို အမြန် ပြုလုပ်ပေးရန် အစီအစဉ်ရှိဟုဆို

နိုင်ငံသား သက်သေခံလက်မှတ် (မှတ်ပုံတင်ကတ်ပြား) များကို အမြန်ပြုလုပ်ပေးရန် အစီအစဉ်
ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး၏ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေး၊ ပညာရေး၊
ကျန်းမာရေး၊ သိပ္ပံနှင့် နည်းပညာဌာနများ၏ ၀န်ကြီးဖြစ်သူ ဦးဉာဏ်ထွန်းဦးက မေလ ၁၇
ရက်နေ့ ညနေပိုင်းက သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံသားသက်သေခံ လက်မှတ် ထုတ်ပေးရေးမှာ နိုင်ငံတော်အတွက် အလွန်အရေးကြီးသော
လုပ်ငန်း ဖြစ်ကြောင်း၊ နိုင်ငံသားစစ်စစ်တစ်ယောက် နိုင်ငံသားသက်သေခံ လက်မှတ်
လျှင်မြန်စွာ ရရှိစေရန် အတွက် လူဝင်မှုကြီးကြပ်ရေးဌာနတွင် တာဝန် ရှိကြောင်း၊ နိုင်ငံသား
မဖြစ်သင့်သည့် လူတစ်ယောက် နိုင်ငံသားလက်မှတ် မရရှိစေရေးမှာလည်း လူဝင်မှုကြီးကြပ်
ရေးဌာန အနေဖြင့် သတိပြုရမည့် အချက် ဖြစ်ကြောင်းကိုလည်း ၀န်ကြီးက ထည့်သွင်း
ပြောကြားခဲ့သည်။



နိုင်ငံသား သက်သေခံလက်မှတ်များကို မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် ထုတ်ပေးနိုင်ရန်ကိုလည်း တာဝန် ထမ်းဆောင်သူများအား သင်တန်းပေးထားခြင်းများရှိ . . .


''နိုင်ငံသားသက်သေခံ လက်မှတ်ကတ်ပြားကို အခုထက်ပိုပြီး အဆင်ပြေ မြန်ဆန်အောင်
ပြုလုပ်ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီအတွက် အချက်အလက်တွေတော့ ပြည့်စုံဖို့ လိုပါတယ်။
နိုင်ငံသား သက်သေခံ လက်မှတ် ထုတ်ပေးရေးက နိုင်ငံတော်အတွက် အရေးကြီးတဲ့လုပ်ငန်း
ဖြစ်ပါတယ်။

နိုင်ငံသားစစ်စစ်တစ်ယောက် နိုင်ငံသား သက်သေခံလက်မှတ် အလျင်မြန်စွာ ရရှိစေဖို့ အတွက်
ကျွန်တော်တို့ လူဝင်မှုကြီးကြပ်ရေးဌာနတွင် တာဝန်ရှိသလို  နိုင်ငံသား မဖြစ်သင့်တဲ့
လူတစ်ယောက် နိုင်ငံသား လက်မှတ် မရရှိစေရေးမှာလည်း လူဝင်မှု ကြီးကြပ်ရေးဌာန
အနေနဲ့ သတိပြုရမယ့် အဓိကတာဝန်တစ်ခု ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနမှာ တာဝန်ထမ်းဆောင်တဲ့သူတွေကိုလည်း သက်သေခံလက်မှတ်တွေ
မြန်မြန် ထုတ်ပေးဖို့ သင်တန်း ပေးထားတာတွေ ရှိပါတယ်''ဟု ၀န်ကြီးက ထည့်သွင်း
ပြောကြားခဲ့ပါသည်။ထို့ပြင် ပြည်သူလူထု လိုအပ်သည့် နိုင်ငံသား သက်သေခံလက်မှတ်များကို
မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် ထုတ်ပေးနိုင်ရန်ကိုလည်း တာဝန်ထမ်းဆောင်သူများအား သင်တန်းပေးထားခြင်းများ ရှိကြောင်း ၀န်ကြီး၏ ပြောကြားချက်အရ သိရှိရပါသည်။

From Eleven News Journal