မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ကျောင်းအချို့ လုံခြုံရေးကင်မရာများတပ်ဆင် လာကြောင်း သိရသည်။
အဆိုပါ လုံခြုံရေးကင်မရာများကို တပ်ဆင်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ များ၏ ဆက်ဆံ
ရေးနှင့် သင်ကြားရေးကို ကြည့် ရှုစစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
''အရင်တုန်းကတော့ လုံခြုံရေးကင် မရာတွေ မရှိခဲ့ပါဘူး။ ဒီ Horizon Inter-national school
မှာဆို ခုဆို Smart Book တွေရဲ့ Accessories တွေက ဈေးကြီးပါတယ်။ Laser Pointer တစ်ခုတင် နှစ်သိန်းလောက် တန်ပါတယ်။ အဲဒီပစ္စည်းတွေရဲ့ လုံခြုံရေးရော ဆရာ၊ ဆရာမတွေနဲ့ ကျောင်း
သား၊ ကျောင်းသူ တွေရဲ့ ဆက်ဆံရေး Relation တွေကို သိရှိနိုင် ဖို့ တပ်ဆင်ကြတာဖြစ်ပါတယ်။
ကလေးငယ် တွေရဲ့Gradeတစ်ခုကို ဈေးနှုန်းများစွာပေး ထားရတဲ့အတွက် ဆရာ၊ ဆရာမတွေနဲ့
သဟ ဇာတဖြစ်မှု ရှိ မရှိ သိရှိစေရန်ဖြစ်ပါတယ်''ဟု Horizon International School မှ ဆရာမ တစ်ဦးကပြောသည်။
''ကျွန်မတို့ PIEC International School ကျောင်းမှာလဲ စာသင်ခန်းထဲမှာ လုံ ခြုံရေးကင်မရာ
တွေ တပ်ဆင်လိုက်ပါပြီ။ အဓိက ကတော့ ကလေးငယ်တွေနဲ့ ဆရာဆရာမတွေ ရဲ့ စာသင်ခန်း
အတွင်းမှာ စာသင်ကြားမှုအပိုင်း တွေကို ကြည့်ရှုနိုင်ရန်ရည်ရွယ်ပြီး တပ်ဆင် လိုက်တာဖြစ်ပါ
တယ်။ ဆရာ၊ ဆရာမတွေက ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျ သင်ကြားခြင်း ရှိ မရှိ၊ ကလေးငယ်တွေက ဆရာမသင်ကြားတာကို စိတ်ဝင်စားစွာ သင်ယူ ခြင်းရှိ မရှိကို စစ်ဆေးသွားမှာဖြစ်ပါတယ်''ဟု PIEC International School မှ ဆရာမ တစ်ဦးကပြောသည်။

No comments:
Post a Comment