Monday, June 20, 2011

လွမ်းလို့ ...





ဘီလ်က နယ်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်တော့ ဟိုတယ်တစ်ခုမှာ တည်း ပါတယ်။

မိုးလင်းတော့ နံနက်စာကို ဘာများသုံးဆောင်ချင်ပါသလဲလို့ ဟိုတယ် ဝန်ထမ်းက
လာမေးတဲ့အခါမှာ ဘီလ်က "တူးနေတဲ့ ကြက်ဥကြော်နှစ်ခု၊ မကြော်ရသေးတဲ့
ဝက်ပေါင်ခြောက်ရယ်၊ အခါးပျော့ကော်ဖီရယ်၊ ရေသာ သာ လိမ္မော်ရည်ရယ်၊
မာပြီး အေးစက်နေတဲ့ ထောပတ်မသုတ်ထားတဲ့ ပေါင်မုန့် နှစ်ချပ်ရယ်ပေးပါ"လို့ ဆိုပါတယ်။

ဘီလ်ရဲ့ စကားအဆုံးမှာ ဟိုတယ် ၀န်ထမ်းက အံ့ဩ တကြီးနဲ့"ဘယ်လို နံနက်စာ တုံးဗျာ...စားလို့ရောရပါ့မလား"လို့ဆိုတော့

ဘီလ်ပြန်ပြောတာ က "ကျုပ်..ကျုပ်မိန်းမ လက်ရာကိုလွမ်းလို့ပါဗျာ" တဲ့။

No comments: