Tuesday, June 28, 2011

ဆူညံပူညံလုပ်တဲ့ ဇနီးသည်နှင့်အတူနေထိုင်နည်းများ

ဇနီးမောင်နှံပြဿနာများရှိပါတယ်။ ကျွန်တော်တစ်ခါက ဆူညံပူညံလုပ်သော ဇနီးသည်ကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်နည်း  ဆိုတဲ့မေးခွန်းကို မိတ်ဆွေအမျိုးသား ၁၀ယောက်ကျော် မေးမြန်းခဲ့ဖူးပါတယ်။ မိသားစုကို လုပ်ကြွေးနေနဲ့ ဖခင်များ၊ အဖြေအားလုံးရဲ့အနှစ်ချုပ်ကတော့ ပါးစပ်ပိတ်၊ ပြန်မပြောပဲ ငြိမ်နေတဲ့နည်းလမ်းချည်းပါပဲ..  သို့သော် .. တကယ်တော့ လင်ယောင်္ကျားအားလုံး လက်တွေ့မှာတော့ နည်းမျိုးစုံနဲ့ ကိုယ့်မိန်းမကို တုံ့ ပြန် ကြပါတယ်။ ဒေါသ၊မာန ကြီးသူများဆိုရင် လင်မယားကွဲကွာသွားတယ်။

အောက်ပါနည်းလမ်းများကိုကြည့်ပါ..

-  ဆူညံပူညံလုပ်တဲ့ မိန်မရဲ့ပါးစပ်ပေါက်ကို ZIP ဆွဲစိပစ်တယ် (ပါးရိုက်ပစ်တယ်)
-  ပါစပ်ကို လက်သီးနဲ့ထိုးပြီး မြန်မာစစ်အစိုးရလို အကြမ်းဖက်ချေမှုန်း၊ အင်အားသုံးပစ်တယ်။
-  အင်္ကျီကိုပဲ ဆွဲစိပစ်ပြီး၊ လူကို ခပ်နာနာကိုင်လှုပ်ပစ်တယ်။

-  ပြန်လည် အော်ဟစ် ပြောဆိုတယ်။ လက်မပါဘူး။
-  မိန်းမကို လုံးဝ လက်နဲ့မထိဘူး။ အိမ်ကပစ္စည်းတွေ တီဗီ၊ ဗွီဒီယိုတွေ ပေါက်ခွဲပစ်လိုက်ခြင်း
-  ကြမ်းတမ်းညစ်ညမ်းသောစကားများဖြင့် ပြန်လည် ဆဲဆို၊ကြိမ်းမောင်းခြင်း

-  ရင်မဆိုင်ပဲ ထွက်ပြေးသွားတယ်။ (နားပိတ်၊ ပါးစပ်ပိတ်ပြီး ထွက်ပြေးခြင်း၊ အလုပ်ထွက်စာတင်ခြင်း)

စသဖြင့် နည်းလမ်းတွေနဲ့ တုံ့ပြန်ကြပါတယ်။ မိန်မက စိတ်တိုတတ်ပြီး၊ ကိုယ်ပိုင်ဝင်ငွေရှိရင် အမြန်ဆုံး လင်မယားကွားရှင်းပြီပေါ့...

ဒါလောက်ပါပဲ။ လက်ရှိ ကြုံနေရတဲ့ လုပ်ငန်းခွင်မှာ ပူညံဆူညံတဲ့လုပ်ဖေါ်ကိုင်ဖက် ပြဿနာတခုကို ဖြေရှင်းဖို့ နည်းလမ်း ဆုတောင်း၊ စဉ်းစားနေတာပါ။


အားလုံး ဇနီးမောင်နှံများ ပျော်ရွှင်၊ရွင်လန်းစွာ အခက်အခဲများကို အကောင်းဆုံးဖြေရှင်း နိုင်ပါစေ..

No comments: