Thursday, June 9, 2011

ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများရောက် မြန်မာလူမျိုး ၇၀၀၀၀ နီးပါး အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်း အခြေချ

ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ များရောက်  မြန်မာလူမျိုး ၇၀၀၀၀ နီးပါး ၂၀၀၅ ခုနှစ်မှစတင်၍ အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းအခြေချ နေထိုင်နေကြောင်း အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း၏ ပြောကြားချက်အရ သိရသည်။

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရှေ့မှောက်တွင်  ဇွန်လ ၂ ရက်နေ့က
မြန်မာ့ အရေးထွက်ဆိုခဲ့ရာတွင် ဂျိုးဇက်ယွန်း က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း
ဖြစ်သည်။

အဆိုပါ မြန်မာလူမျိုး ၇၀၀၀၀ နီးပါးအနက် ၅၀၀၀၀ နီးပါးမှာ  မြန်မာ-ထိုင်းနယ်စပ်ရောက် မြန်မာ လူမျိုးများဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည်ပသို့ရောက်ရှိနေသည့် မြန်မာလူမျိုးမှာ ဦးရေ သန်းကျော်ရှိကြောင်း သိရသည်။


မြန်မာလူမျိုး ၇၀၀၀၀ နီးပါးအနက် ၅၀၀၀၀ နီးပါးမှာ  မြန်မာ-ထိုင်းနယ်စပ်ရောက် မြန်မာလူမျိုးများ ဖြစ်ကြောင်း သိရ

ယခုအခါ မြန်မာနိုင်ငံရှိ နယ်မြို့များတွင် နေထိုင်ကြသူများအနက် အသက် ၂၀ ကျော်အရွယ် လူငယ် အများစုမှာ ရန်ကုန်မြို့၌ အခြေချကာ အလုပ်အကိုင်ရှာဖွေရန် ထွက်ခွာမှုများ ရှိလာကြပြီး ယင်းသို့
ထွက်ခွာ လာကြသူများအနက် အမျိုးသမီးဦးရေ မှာ အမျိုးသားဦးရေထက် ပိုများလာခဲ့ကြောင်း
သိရသည်။

အမျိုးသားများ မှာ ရန်ကုန်မြို့၌ ရွှေ့ပြောင်းအခြေချ နေထိုင်လုပ်ကိုင်ရန် လာကြခြင်းထက်
ရန်ကုန်မြို့မှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် အတွက်သာ ခေတ္တနေထိုင်
ကြကြောင်း သိရသည်။

ပြည်ပရောက်မြန်မာများ မြန်မာနိုင်ငံသို့ ပြန်ပို့ငွေသည် ၂၀၁၀ပြည့်နှစ် တွင် အမေရိကန်ဒေါ်လာ
၁၅၄သန်း ခန့်ရှိခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပြီး ယင်းပမာဏသည် အရှေ့ အာရှနှင့်
ပစိဖိတ်ဒေသ၌ မိမိနိုင်ငံသားများ၏ မိခင်နိုင်ငံသို့ ပြန်ပို့ငွေရရှိမှု ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင်
ပါဝင်သည်။

No comments: