Wednesday, June 22, 2011

ဆယ်ဖို့တစ်ဖို့

 တစ်ခါက အမေရိကားတွင် ဒေါ်လာ သန်း၆၀ ထီပေါက်သော ဇနီးသည်က သင်းအုပ်ဆရာထံသို့ လာသည်။ သူယောင်္ကျားသည် အသက်ကြီးပြီး နှလုံးရောဂါရှိသောသူဖြစ်သောကြောင့် သန်း၆၀ထီပေါက်ကြောင်းသိလျှင် နှလုံးရောဂါဖြင့် သေသွားနိုင်ကြောင်း၊ သင်းအုပ်ဆရာမှ မသိမသာနှင့် ထီပေါက်ကြောင်းကို ပြောပေးစေလိုကြောင်း အကူညီတောင်းလာသည်။ သင်းအုပ်ကလည်း ပြင်ဆင်ပြီး သွားပြောသည်။ ယောင်္ကျားဖြစ်သူအား "အကယ်၍ ခင်ဗျား - တကယ်မဟုတ်ဘူးနော်၊ ထီ ဒေါ်လာ သန်း၆၀ ပေါက်ရင် ဘာလုပ်မလဲ၊" ဟုမေးရာ၊ ထိုလူက မဆိုင်းမတွပင် ဆရာ့အတွက် ၁၀ဖို့တစ်ဖို့ အရင်ပေးလိုက်မှာပေါ့ .. ဟု ဖြေလိုက်ရာ၊ ဆယ်ဖို့တစ်ဖို့ ဒေါ်လာ ၆သန်းကို ရရှိသွားသော သင်းအုပ်ဆရာမှာ စကားပင်မပြောနိုင်တော့ပဲ .. လဲကျသေဆုံးသွားလေသည် ..။

No comments: