Friday, June 10, 2011

 မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံ ၁၅ နိုင်ငံသို့ တရားဝင် အလုပ်သမားစေလွှတ်မှု အရေအတွက်မှာ ၂၀၁၀ ပြည့်နှစ်တွင် သုံးသိန်းကျော်အထိ ရှိလာ

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံပေါင်း ၁၅ နိုင်ငံသို့ တရားဝင်အလုပ်သမား စေလွှတ်ပို့ဆောင်မှု အရေအ
တွက်မှာ ၂၀၁၀ ပြည့်နှစ်တွင် သုံးသိန်းကျော်အထိ ရှိလာပြီး နိုင်ငံခြားငွေ ရရှိမှုအနေဖြင့် အမေရိကန်
ဒေါ်လာ သိန်း ၁၇၀ ကျော်ရရှိခဲ့ကြောင်း သိရှိရသည်။

ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်မှုအနေဖြင့် ၁၉၈၈ ခုနှစ်တွင် စေလွှတ်ခြင်းမရှိခဲ့ဘဲ
၁၉၉၀ပြည့်နှစ် မှ စတင်စေလွှတ်ပို့ဆောင်ခဲ့ရာ ၁၉၉၀ မှ ၁၉၉၉ ခုနှစ်အထိ နိုင်ငံပေါင်း ၁၅ နိုင်ငံသို့စေလွှတ်သည့် အလုပ်သမား ဦးရေမှာ ၃၉၈၃ ဦးရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင်မူ စေလွှတ်သည့်
အလုပ် သမားဦးရေမှာ ၃၃၀၃၁၁ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ၂၀၁၀ ပြည့်နှစ်
နိုဝင်ဘာလ အထိ ပြည်ပသို့စေလွှတ်သည့် အလုပ်သမားများနှင့် ပတ်သက်၍ အမေရိကန်ဒေါ်လာ ၁၇၁၁၃၉၂၀ ရရှိခဲ့ကြောင်းလည်း သိရှိရသည်။

အလုပ်သမားများစေလွှတ်ပို့ဆောင်ပေးခဲ့သည့် ပြည်ပနိုင်ငံ ၁၅ နိုင်ငံ မှာစင်ကာပူ၊ မလေးရှား၊
ကိုရီးယား၊ လစ်ဗျား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ ဆွစ်ဇာလန်၊ ဘရူနိုင်းဒါရု ဆလမ်၊ ယူအေအီး၊
အမေရိကန်၊   ပြင်သစ်၊ ဂျာမနီ၊ ကာတာနှင့်ကူဝိတ် နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ အလုပ်သမားများအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ် ကိုင်နိုင်ရန်အတွက် ပြည်ပအလုပ်
အကိုင် အခွင့်အလမ်းများကို အလုပ် သမားဝန်ကြီးဌာနက ဆက်သွယ်ရှာ ဖွေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာနမှ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ၀န်ဆောင်မှု လိုင်စင်ရယူ၍ ပို့ဆောင်ပေးသည့် ကုမ္ပဏီ၊ အေဂျင်စီပေါင်းမှာ ၂၀၁၀- ၂၀၁၁ ဘဏ္ဍာရေးနှစ်အတွင်း ၁၂၃ ခုခန့် ရှိကြောင်း သိရှိရသည်။

No comments: