ပြည်တွင်း၌ ပြေးဆွဲနေသည့် ပုဂ္ဂလိကပိုင် လေယာဉ်သစ် တစ်စီးအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ်
ယခုအခါ မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အလားအလာကောင်းများ ရှိသည်နှင့်နည်းတူ လက်ရှိ ကိုရီးယားနိုင်ငံသည် မြန်မာနှင့် နံပါတ် ၇ အဆင့်ရှိ ကုန်သွယ်ဖက်နိုင်ငံ တစ်ခု ဖြစ်လျက် ရှိနေသည်ကိုလည်း Korea Expo's 2011 တွင် ကောင်စစ်ဝန် Mr.Kim Dong Bae က ပြောပြခဲ့ပါသည်။
''ဆိုးလ်-ရန်ကုန် တိုက်ရိုက်ခရီးစဉ် အတွက် ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်နဲ့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်တွေ ညှိနှိုင်းနေကြတယ်။ ဒီနှစ်ကုန်မှာ စပြီး အကောင်အထည်ဖော်ဖို့ ရှိတယ်လို့တော့ သိတယ်''ဟု ကိုရီးယားသံရုံးမှ တာဝန်ရှိသူက ဆိုပါသည်။
ယခုကဲ့သို့ တိုက်ရိုက်ပြေးဆွဲမည့် ခရီးစဉ် အတွင်း၌ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံများမှ လေဆိပ်များ၌ ခရီးသည် အတင်အချ ပြုလုပ်နိုင်ဖွယ် ရှိနေကြောင်း သိရသည်။
ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ စင်းလုံးငှား တိုက်ရိုက် ခရီးစဉ် အဖြစ် ပျံသန်း ပြေးဆွဲခဲ့ဖူးကြောင်း၊ ၁၉၉၁ ခုနှစ်က မြန်မာနိုင်ငံသို့ ကိုရီးယား ခရီးသွား ၁၅၀ ၀င်ရောက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင်မူ ခရီးသွား ၁၅၀၀ ဦးရေထိ ၀င်ရောက်ခဲ့ကြောင်းလည်း သိရှိရပါသည်။
No comments:
Post a Comment