Saturday, June 18, 2011

ဂျီမေးလ်တိုက်ခိုက်ခြင်းရန်မှ သတိထား ရှောင်ရှားနိုင်ဖို့

ယခုအခါဝက်ဘ်မေးလ်တစ်ခုဖြစ်တဲ့ ဂျီမေးလ်မှာ Phishing Attack လို့ခေါ်တဲ့ ဂျီမေးလ်အတုအယောင် Login Page တစ်ခုကို ဖန်တီး ထားပြီး အသုံးပြုသူရဲ့ ဂျီမေးလ် Password တွေကို ရယူသွားတဲ့ ဖြစ်ရပ်တွေရှိနေပါတယ်။
ဒါကြောင့် လက်တွေ့မြင်သာတဲ့ ကွဲလွဲချက်တချို့ကို သတိထားနိုင်ဖို့ အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
၁။ ဂျီမေးလ် Login Page ရဲ့ Address Bar ကို သတိထားကြည့်ပါ။ Google.com လိပ်စာဖြစ်ရပါမယ်။
၂။ GMail Logo ရဲ့ အစစာလုံး G ရဲ့ အရောင်ဟာ မင်ပြာရောင်ဖြစ်ပါတယ်။ Trademark ပုံရဲ့အောက်က စာတန်းလည်း လွဲနေတတ် ပါတယ်။ ပုံမှာကြည့်ပါ။
၃။ အောက်ပုံမှာ ပြထားတဲ့အတိုင်း ဂျီမေးလ် Login Page ရဲ့ လက်ယာဘက်မှာ ရှိတဲ့ Text & Icon ပုံများ လွဲနေတတ်ပါတယ်။
၎။ ဂျီမေးလ် Login Page ရဲ့ အောက်နားမှာရှိတဲ့ စာတန်းမှာ Copyright သင်္ကေတရဲ့ နောက် 2011 လို့ စာနဲ့ရိုက်ထားပါတယ်။ အတုအယောင် အီးမေးလ်မှာ 2010, 2009 စသဖြင့် ဖော်ပြတတ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း Google Mail Login Page ဟာ လွဲမှားနေရင် သင့်ရဲ့စက်ကို ဗိုင်းရပ်စ်စစ်ဆေးတာတို့၊ လိုအပ်မယ့် Security Update တွေ လုပ်တာတို့ ပြုလုပ်သင့်ကြောင်း ဖော်ပြလိုက်ပါတယ်။

No comments: