စင်ကာပူနိုင်ငံတွင် ပြုလုပ်သော စစ်တမ်း တစ်ရပ်တွင် မေးထားသော မေးခွန်းများမှာ သင့်
ရဲ့အလုပ်ကို အလွန်အမင်းမနှစ်သက်မှုဖြစ်နေ ပါသလား။ ရုံးပိတ်ရက်ပြီးတော့ တနင်္လာနေ့
ရောက်လာမှာ စိုးရိမ်နေသလား။ လက်ရှိ သင့် ရဲ့အလုပ်က နုတ်ထွက်ဖို့ စဉ်းစားနေသလား
စသည့် မေးခွန်းများဖြစ်ပြီး ဒီလိုမေးခွန်းတွေ အတွက် အဖြေတူနေတာ သင်တစ်ယောက် တည်းတော့မဟုတ်ပေ။
စင်ကာပူတွင်ရှိသော အလုပ်သမားအင် အားစုထဲက အများအပြား၏ အဖြေကလည်း သင်နှင့်အတူတူပင်ဖြစ်သည်ဟု ထိုစစ်တမ်းတွင် ဖော်ပြထားကြောင်း စထရိတ်တိုင်းမ်သတင်း
တစ်ပုဒ်အရ သိရသည်။
အဆိုပါသတင်းတွင် ဆက်လက်ဖော်ပြ ထားချက်အရ စင်ကာပူမှ အလုပ်သမားများ သည်
ကမ္ဘာပေါ်တွင် ပျော်ရွှင်မှုအနည်းဆုံး အလုပ်သမားများဖြစ်သည်ဟု သိရသည်။
နိုင်ငံပေါင်း ၁၄နိုင်ငံမှ အလုပ်သမားများ အား ကောက်ယူရရှိသော အလုပ်သမားများ၏ သဘောထားမှတ်ချက်ဆိုင်ရာ စစ်တမ်းတစ်ရပ် တွင် စင်ကာပူမှ အလုပ်သမားသည် ပျော်ရွှင်မှု အနည်းဆုံးအလုပ်သမားများအဖြစ် စာရင်းတွင် ရှိနေခဲ့သည်ဟု သိရသည်။
ထိုစစ်တမ်းတွင် ဆက်လက်ဖော်ပြထား ချက်အရ စင်ကာပူအလုပ်သမားအင်အားစု၏ ၁၇ရာခိုင်
နှုန်းမျှသော အလုပ်သမားများက လက်ရှိအလုပ်ရှင်နှင့် မခွဲမခွာနေလိုသော ဆန္ဒ ရှိသည်ဟုဆိုသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ဆိုရမည် ဆိုလျှင် အလုပ်ရှင်နှင့် ရွှေလက်တွဲမခွဲမခွာနေ လိုသော အလုပ်သမားများ၏ ပျမ်းမျှရာခိုင်နှုန်း မှာ ၃၅ရာခိုင်နှုန်းသာရှိသည်ဟု ဆိုရမည်သာ ဖြစ်ပေသည်။

No comments:
Post a Comment