Monday, June 20, 2011

သွေးတစ်စက်ဖောက်ရုံဖြင့် ရောဂါရှာနိုင်ပြီ

သွေးတစ် စက်ဖောက်ရုံဖြင့် မိမိခန္ဓာကိုယ် တွင်ဖြစ်ပွားနိုင်သော ရော ဂါများ သိရှိနိုင်မည့် စက်ပစ္စည်းများ ကို LPHA GROUP INT. Health & Care Co., Ltd. က မြန်မာ နိုင်ငံတွင် ၀န်ဆောင် မှု ပေးတော့မည်ဖြစ် ကြောင်း သိရသည်။
        အဆိုပါ ကျန်းမာရေးစစ်ဆေးပေးခြင်းကို မြန်မာနိုင်ငံပန်းပညာရှင်များ အစည်း အရုံးဒုဥက္ကဋ္ဌဦးသန့်စင်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ALPHA GROUP INT. Health &Care Co.,Ltd. မှ အခမဲ့ သွေးဖောက်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
    '' သွေးတစ်စက်နဲ့ ကိုယ့်ကျန်းမာရေးအခြေအနေကို သိရှိစေပါတယ်။ ဒီစက် ပစ္စည်းတွေက နယူးဇီလန်နိုင်ငံက လာတယ်လို့ ပြောပါတယ်။ ကျွမ်းကျင်တဲ့ပညာရှင်တွေ ကိုယ်တိုင် လာရောက်စစ်ဆေးပေးပါတယ်။ သွေးတစ်စက်ကို ဖောက်ယူပြီး ချက်ချင်းစစ် ဆေးပေးပါတယ်။ စစ်ဆေးချက်ကို တီဗွီပေါ်မှာ တွေ့ရပါတယ်''ဟု မြန်မာနိုင်ငံပန်းပညာ ရှင်များ အစည်းအရုံးအတွင်းရေးမှူး ဦးကြည်ဝင်းက ပြောသည်။
    ''Medical Check up လုပ်ရင် သိန်းချီကုန်ကျမှာဖြစ်ပါတယ်။ အခုဆရာ ကြီး ဦးသန့်စင်မွေးနေ့မှာ အခမဲ့စစ်ဆေးပေးပြီး နောက်ပိုင်းလာရောက် စစ်ဆေးသူများအနေ ဖြင့် ကျပ် ၂၀၀၀ ပဲကျမှာဖြစ်ပါတယ်။ သွေးအပျစ်အကျဲ၊ ဇီဝကမ္မဖြစ်စဉ်တွေ အဖြေပေး နိုင်တယ်။ ဘယ်လိုရောဂါတွေဖြစ်လာနိုင်မလဲ သိလာနိုင်ပါတယ်။ အဲဒီလိုသိရင်ကုသမှုခံ ယူဖို့ သူတို့နိုင်ငံထုတ်ဆေးတွေ ရောင်းချပေးပါတယ်။ လက်ရှိလုပ်ငန်းမထိခိုက်ဘဲ မန်ဘာဝင်များအဖြစ် ၀င်ရောက်နိုင်ပါတယ်'' ဟု ALPHA GROUP INT. Health & Care Co.,Ltd. မှ ဒေါ်နှင်းနှင်းဦး(Medical Research) က ပြောသည်။
    စိတ်ပါဝင်စားသူများအနေဖြင့် ALPHA GROUP INT. Health & Care Co.,Ltd. ဖုန်း-၀၉-၅၄၀၈၃၂၈ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

No comments: