Tuesday, June 14, 2011

ဆားစားများတာနဲ့ ကျန်းမာရေးပြဿနာ

တွေ့ရှိမှုအသစ်တခုက ဆားလျှော့စားရင် နှလုံးရောဂါ ဖြစ်စေနိုင်တယ်၊ ဆားလျှော့စားပြီး
သွေးတိုး ကျအောင်လုပ်တာ အကောင်းဆုံးနည်း မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။
ဒီတွေ့ရှိချက်ကို ဆားကုမ္ပဏီကြီးတခုက ကြိုဆိုလိုက်ပေမယ့် ဆေးပညာရှင်တွေကတော့ လုံးဝပယ်ချလိုက်ပါတယ်။

ဒီတွေရှိချက်အသစ်က အကြံပြုတဲ့ စားသင့်တဲ့ဆားပမာဏဟာလည်း ပြည်သူ့ကျန်းမာရေး
အရာရှိတွေနဲ့ နှလုံးနဲ့ လေဖြတ်ရောဂါ အထူးကုဆရာဝန်တွေ တောက်လျှောက်အကြံပေးလာ
တာတွေနဲ့ ဖီလာဆန့်ကျင် နေပါတယ်။ ဒ့ကြောင့် ဆား ဘယ်လောက်စားသင့်တာနဲ့
ပတ်သက်ပြီး အငြင်းအခုန် ဖြစ်လာရပါတယ်။

ဒီအကြောင်းတွေကို ဗွီအိုအေသတင်းထောက် ကယ်ရိုပီယာစန် (Carol Pearson) သတင်းပို့ထား
တာနဲ့ အမေရိကန်နိုင်ငံမှာ နှစ်ပေါင်း ၄၀ ကျော်ကြာ နှလုံးနဲ့သွေးကြောဆိုင်ရာ အထူးကုဆရာဝန်
လုပ်လာတဲ့ မြန်မာဆရာဝန် ဒေါက်တာအောင်မြိုင် ကို မေးမြန်းထားတာတွေကို စုစည်းပြီး
ကိုဝင်းမင်းက တင်ပြထားပါတယ်။

တနေ့တာလိုအပ်တဲ့ ဆိုဒီယမ်ကို နေ့စဉ်စားသုံးတဲ့ သစ်သီးဝလံနဲ့ သား ငါးတွေနဲတင် လုံလောက်
နေပါတယ်။ အိမ်သုံးဆားတနေ့ကိုလဘက်ရည်ဇွန်း တစ်ဇွန်းသာစား ခွင့်ရှိပါတယ်။ ပိုလျှံတာကို ကျောက်ကပ်ကနေစွန့် ထုတ်ပေးပါတယ်။ မစွန့်နိုင် ရင် သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ကျောက်ကပ်ရောဂါတွေ ဖြစ်လာ ပြီးလေဖြတ် သွားနိုင်ပါတယ်။ ငါးပိ၊ ငခြောက်၊
ပုဇွန်ခြောက်၊ ဘိန်းမှုန့်၊ နံပြား၊ အီကြာကွေး၊ပေါင်မုန့်၊ ပဲပြုတ်၊အချိုမှုန့်၊ ၀က်အူချောင်း၊ အသီးခြောက်၊ အသားခြောက်၊ ဆာလာမီနဲ့ စည်သွပ်ဗူးတွေကိုပါလျော့ချစားသုံးဖို့လိုအပ်ပါတယ်။

No comments: