Tuesday, June 14, 2011

လူကုန်ကူးမှု တိုက်ဖျက်ရေး ပညာပေး ဗီဒီယို၊ သီချင်း၊ မှတ်တမ်းဇာတ်ကားတို့အား အဝေးပြေးကားများပေါ်တွင် ပြသမည်

လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး ဗီဒီယိုဇာတ်ကား၊  သီချင်းခွေ၊ မှတ်တမ်းဇာတ်ကားတို့
အား အဝေးပြေးကားများပေါ်တွင် ပြသသွားရန်စီစဉ်ထားပြီး သရုပ်ဆောင်အနုပညာရှင်များ
ပါဝင်ထားသည့် ပိုစတာများအားလည်း အဝေးပြေးကားဝင်း အပါအ၀င်နေရာ အနှံ့အပြား၌
စိုက်ထူသွားရန် စီစဉ်ထားသည် ဟု သတင်းရရှိသည်။

“အနုပညာရှင်တစ်ယောက်ရဲ့ စကားတစ်ခွန်းက ပရိသတ်အတွက်တော့ သတိထားစရာ၊ ဂရုစိုက်စရာ၊ အံ့သြစရာ၊ အတုယူစရာစသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လို အနုပညာရှင်က
ပေး တဲ့ သတင်းစကား message က ပရိသတ်ကြားထဲရောက်ဖို့ ပိုပြီးလွယ်ကူပါတယ်။ ဒါကြောင့် အခုလို လူကုန်ကူးမှု တိုက်ဖျက်ရေးအသိပညာပေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။ နောက် လည်း အချိန်မရွေးနေရာမရွေးအခုလို ကူညီခွင့်ပါဝင်ခွင့်ရမယ်ဆိုရင် ပါဝင်ကူညီချင်ပါတယ်”ဟု သရုပ်ဆောင် ကောင်းခန့်က ပြောပြခဲ့သည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး ဇာတ်ကားများအဖြစ် ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးသည့် ‘အိပ်မက်ထဲက ကောင်းကင်’ဇာတ် ကား၊ MTV Exit Channel  အတွက် ရိုက်ကူးထားသည့်
ဖြူဖြူကျော်သိန်း ၏ လူကုန်ကူးမှု ပညာပေးမှတ်တမ်း ဇာတ်ကား၊ တေးရေးသြရသ ရေး သားထားပြီး အဆိုတော်သြရသ၊ ချမ်းချမ်း၊ မေခလာတို့သီဆိုထားကာ သရုပ်ဆောင်ဇေယျ၊ စည်သူမောင်၊ ဆုပန်ထွာ၊ ချစ်စနိုးဦး၊  မေသက်ခိုင်၊ ချစ်သုဝေတို့ ပါဝင်သရုပ်ဆောင်ထားသည့် တေးသီချင်းဗီစီဒီခွေတို့ကို အဝေးပြေးကားများပေါ်၌ လည်းကောင်း၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတို့၌လည်းကောင်း အခမဲ့ ထုတ်လွှင့်ပြသသွားရန် စီစဉ်ထားခြင်းဖြစ်သည်ဟု သိရှိရသည်။ ထို့အပြင် သရုပ်ဆောင်များ
ပါဝင်ထားသည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ပိုစတာများအားလည်း အဝေးပြေးကားဝင်း အပါအ၀င်နယ်မြို့များ၌ စိုက်ထူ သွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။

No comments: