Monday, June 6, 2011

အခမဲ့ပညာရေးအတွက် ဖတ်စာအုပ်လုံလောက်အောင် ဆောင်ရွက်မည်

မူလတန်းပညာရေးကို 'အခမဲ့'သင်ကြားပေးတော့မည်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးရှိ 
ကျောင်းသားဦးရေကို ဖြန့်ဝေပေးမည့် ဖတ်စာအုပ် လုံလောက် မျှတမှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကပြောသည်။

ယမန်နှစ်များက မူလတန်းတွင် သူငယ်တန်းကျောင်းသား၊ ကျောင်းသူများအတွက်သာ ဖတ်
စာအုပ်များ အခမဲ့ဖြန့်ဝေပေးခဲ့ရာမှ ယခုပညာသင်နှစ်မှစ၍ မူလတန်းကျောင်းသားကျောင်း
သူများ အားလုံးအတွက် ဖတ်စာအုပ်များ အခမဲ့ဖြန့်ဝေပေးတော့မည်ဖြစ်သည်

''ဒါက ထူးခြားချက်တစ်ခုပေါ့။ တစ်နိုင်ငံလုံးက မူလတန်းသင်ကျောင်းသားကျောင်းသူတွေအ
တွက် အခမဲ့ပညာရေးစနစ် ပီပီပြင်ပြင် ကျင့်သုံးကြဖို့ ပညာရေး ၀န်ကြီးကညွှန်ကြားထားပါတယ်''
ဟု ယင်းကထပ်မံပြောသည်

''ကျွန်မတို့ကတော့ မသိဘူးလေ။ ဖတ်စာအုပ်တွေ ကြိုဝယ်ထားပြီးပြီ။ အခမဲ့ပေးမယ်ဆိုတာ အခုမှသိတယ်''ဟု အထက(၂) စမ်းချောင်းတွင် ဒုတိယတန်းတက် ရောက်မည့် ကျောင်းသူ
တစ်ဦး၏မိခင်က ပြောသည်။

၂၀၁၁-၁၂ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ မူလတန်းကျောင်းသား၊ ကျောင်းသူငါးသန်း
ကျော်ခန့် တက်ရောက်မည်ဖြစ်ရာ တစ်နိုင်ငံလုံးတွင် အခြေခံ ပညာကျောင်းပေါင်း ၄၁၀၀၀ကျော်ခန့်ရှိကြောင်း သိရသည်။

No comments: