ဘန်ကောက်- ထိုင်းနိုင်ငံတွင် လွန်ခဲ့သောနှစ်က ကန့်ကွက်ဆန္ဒပြသူများ အပေါ်အစိုးရကနှိမ်နင်း၍
သေဆုံးခဲ့ ရသူများကို အမှတ်ရစေရန်အထိမ်း အမှတ်ကျင်းပဖို့ စုရုံးမှုများကြောင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးတင်းမာမှုများ ထင်သာမြင်သာရှိလာချိန်မှာ မေလ ၁၉ ရက် နေ့က ရွေးကောက်ပွဲ
အတွက် ယှဉ်ပြိုင် မှုတွေကလည်း အရှိန်မြင့်လာပါသည်။
ဇူလိုင်လ ၃ ရက်နေ့တွင် ကျင်းပမည့်ဤရွေးကောက်ပွဲသည်ဝန်ကြီးချုပ်
အဘီဆစ်၏ အစိုးရအဖွဲ့ထောက်ခံသောဒီမိုကရက်တစ်ပါတီနှင့် ၀န်ကြီး ချုပ်ဟောင်း
ယခုအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေရသူ သက်ဆင်ရှင် နာဝပ်၏မဟာမိတ်ပါတီများကြား
အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် အလား အလာရှိကြောင်း သိရသည်။ သက်ဆင်သည် ၂၀၀၆ ခုနှစ် အာဏာသိမ်း မှုတွင် ရာထူးမှဖြုတ်ချခံခဲ့ရခြင်းဖြစ်သည်။
အချိုးကျ ကိုယ်စားလှယ်ရွေးချယ် ရေးစနစ်ဖြင့် ကိုယ်စားလှယ်လောင်း
များသည် ကြာသပတေးနေ့၌ လျှောက်ထားနိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။
အဘီဆစ်သည်လည်း သူ၏ ဒုတိယမြောက် ၀န်ကြီးချုပ်သက်တမ်းရရှိ ရေးအတွက်
တရားဝင်အလုပ်များမှ နှစ်ရက်အနားယူကာ မဲဆွယ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည်
ဟု သိရသည်။
ဗြိတိန်နိုင်ငံတွင်မွေးဖွားသူ အောက် စဖို့တက္ကသိုလ်ထွက် ၀န်ကြီးချုပ် အဘီ ဆစ်၏ပါတီဖြစ်
သော ဒီမိုကရက်သည်ထိုင်းနိုင်ငံအတွက် သက်တမ်း အကြာဆုံးပါတီဖြစ်ပြီး ထောက်ခံမှုများကို ဘန်ကောက်မြို့နှင့် အခြား ထိုင်းနိုင်ငံတောင်ပိုင်းဒေသများမှ အများဆုံးရနိုင်သည်ဟုလည်း
သိရသည်။ သို့ရာတွင် ယင်းပါတီမှာ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုကြာအောင် ရွေးကောက်ပွဲ
အောင်နိုင်ခဲ့ခြင်း မရှိသေး ပေ။
သူနှင့် အောက်လွှတ်တော် ရွေး ကောက်ပွဲ ယှဉ်ပြိုင်မှုတွင် အဓိကပြိုင် ဘက်မှာ သက်ဆင်၏
အငယ်ဆုံးညီမ ဖြစ်သည့် ယင်းလပ်ဖြစ် သည်။ သူသည် Puea Thai ပါတီမှနေ၍ ၀န်ကြီးချုပ်အဖြစ် ကိုယ်စားလှယ်အရွေးခံမည် ဖြစ်သည်။
Puea Thai ပါတီသည် ဆန္ဒမဲပေး လွှာပေါ်တွင် နေရာချထားရန် မဲနှိုက် ရာ၌ ထိပ်ဆုံးနေရာရခဲ့ပြီး
ဝန်ကြီးချုပ် အဘီဆစ်၏ ဒီမိုကရက်ပါတီကမူ နံပါတ် ၁၀ နေရာ၌ ကျခဲ့ကြောင်း သိရသည်။ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်းမှာ ၂၆ ပါတီရှိကြောင်းလည်း သိရသည်။
ယင်းလပ်က သူ၏ပါတီ ရွေးကောက်ပွဲနိုင်ခဲ့ပါက နိုင်ငံရေးသမားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
ရန် စဉ်းစား ထားကြောင်းလည်း ပြောကြားခဲ့သည်။သို့ရာတွင် သူ၏အစ်ကို အထူးအခွင့်အရေးများ ခံစားရမည်ဆိုသည်ကိုမူ ငြင်းဆိုခဲ့သည်။ အဘီဆစ်ကလည်းမေလ ၁၉ ရက်နေ့က ယင်းလပ်အား ရှင်းလင်းတိကျသော မူဝါဒများချမှတ် ကြရန် တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

No comments:
Post a Comment