တစ်ခါက မြို့တစ်မြို့ရဲ့ ဘုရားရှိခိုးကျောင်းရှေ့မှာ ကွန်ပျူတာနဲ့ ထိန်းချုပ် ဖြေကြားနိုင်တဲ့ စက်ရုပ်
တစ်ရုပ် ရှိတယ်။ အဲဒီစက်ရုပ်က ဘုရားကျောင်းနဲ့ ပါတ်သက်တဲ့ မေးခွန်းတွေကို ဖြေပေးလေ့ရှိတယ်။
တစ်နေ့မှာတော့ ရပ်ဝေးက ဧည့်သည်တစ်ယောက်ဟာ မြို့ထဲကို ရောက်လာခဲ့ပါတယ်။
ဘုရားကျောင်းရှေ့ အရောက်မှာတော့ စက်ရုပ်ကို တွေ့လိုက်ရတဲ့ အတွက် သူသိချင်တဲ့ အကြောင်းအရာတွေကို စက်ရုပ်အား မေးမြန်းပါတော့တယ်။
ဧည့်သည် = ဘုရားရှိခိုကျောင်းဆိုတာဘာလဲဗျ
စက်ရုပ် = ဘုရားရှိခိုးကျောင်းဆိုသည်မှာ သင်းအုပ်ဆရာ၊ သင်းထောက်လူကြီးနှင့် အသင်းသားများ တနင်္ဂနွေနေ့တွင် စုဝေးရာ နေရာဖြစ်သည်
ဧည့်သည် = ကဲ ဒါဆိုရင် သင်းအုပ်ဆရာ ဆိုတာ ဘာလဲ။
စက်ရုပ် = သင်းအုပ်ဆရာ ဆိုသည်မှာ အသင်းသားများ အလိုကျ သင်းထောက်လူကြီးများ
ခိုင်းစေရာကို လုပ်ကိုင်ဆောင်ရွက်ပေးရသော သူဖြစ်သည်။
ဧည့်သည် = သင်းထောက်လူကြီး ဆိုတာ ဘာလဲ။
ဧည့်သည်= သင်းထောက်လူကြီး ဆိုသည်မှာ မိမိတို့ ကြိုက်သော အရာကို အများသဘောတူ
ထောက်ခံကာ မကြိုက်သော အရာများကို အာဏာသုံးကာ ပယ်ချတတ်သောသူများဖြစ်သည်
ဧည့်သည်= အသင်းသားဆိုတာ ဘာလဲ
စက်ရုပ် = အသင်းသားဆိုသည်မှာ သင်းအုပ် ဆရာနှင့် သင်ထောက်လူကြီးများပြောသော
စကားကို နားမထောင်ဘဲ ကိုယ်ထင်ရာကိုယ် လုပ်ကာ သင်းအုပ်နှင့် သင်းထောက်ကို
မကျေနပ်ပါက အသင်းတော် တစ်ခုမှ နောက်တစ်ခုသို့ မကြာခန ကူးပြောင်းနေသောသူများကို ခေါ်ဆိုပါသည်
စက်ရုပ် = ကဲ မင်း မေးတာတွေအားလုံးကို ငါဖြေပြီးသွားပြီ။ ဒီတစ်ခါ မင်းဖြေရမဲ့ အလှည့်။ သင်းအုပ်၊ သင်းထောက်နဲ့ အသင်းသား တွေထဲမှာ မင်း ဘာဖြစ်ချင်သလဲ။
ဧည့်သည် = ကျေးဇူးပြုပြီး အသင်းသား ဖြစ်ခွင့် လျှောက်လွှာဖောင် တစ်စောင်လောက်ပေးပါ။
(ဟာသ သက်သက်သာ ဖြစ်ပါသည်။ မည်သူ့ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါ)

No comments:
Post a Comment