ပုဂ္ဂလိကကုမ္ပဏီ အချို့တွင် ငွေကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို ကျပ်ငါးသိန်းတစ်ထောင့်ငါးရာ ဖြင့် ၁၅ မိနစ်အတွင်း ဖုန်းရရှိသည့် စနစ်ကိုဇူလိုင်လ ၈ရက်နေ့မှစတင် လိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ လျှောက်လွှာတင်ကာ ဖုန်းများချပေးသည့်စနစ်မှ ပုဂ္ဂလိက ကုမ္ပဏီအချို့တွင် လျှောက်လွှာစနစ်ဖြင့် မဟုတ်ဘဲ တိုက်ရိုက်ငှားရမ်း သုံးစွဲနိုင်သည့်စနစ်ကို ၂၀၁၁ခုနှစ် ဇွန်လ ၈ရက်နေ့မှ စတင်ကာ အများပြည်သူများထံ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
E lite Tech ကုမ္ပဏီလီမိတက်၊ ရတနာပုံတယ်လီပို့နှင့် Asia Mega link ကုမ္ပဏီတို့မှာ ဂျီအက်စ်အမ် ငါးသိန်းဖုန်းများကို တိုက်ရိုက်ငှားရမ်း ရောင်းချပေးနေသည့် ပုဂ္ဂလိက ကုမ္ပဏီများဖြစ်ပြီး သုံးစွဲသူများထံသို့ ကနဦး ပေးသွင်းငွေ ကျပ်ငါးသိန်းနှင့် ၀န်ဆောင်ခအဖြစ် ငွေကျပ် ၁၅၀၀ စုစုပေါင်း ကျပ်ငါးသိန်းတစ်ထောင့်ငါးရာ နှုန်းထားဖြင့် ၁၅ မိနစ်အတွင်း ဖုန်းရရှိရန် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
ပုဂ္ဂလိကကုမ္ပဏီများတွင် ဂျီအက်စ်အမ်ငါးသိန်းဖုန်းများ လျှောက်ထားရာ၌ မှတ်ပုံတင်နှင့် ဓာတ်ပုံသုံးပုံ နှင့် ငွေကျပ်ငါးသိန်းတစ်ထောင့်ငါးရာ သာ လိုအပ်မည်ဖြစ်သည်ဟု ဆိုသည်။
“ကျွန်မ ဟိုတလောလေးကပဲ ကြားခံပွဲစားနဲ့ အပ်လိုက်တာ ကနဦး ပေးသွင်းငွေ ကျပ်ငါးသိန်းအပြင် နှစ်သောင်းပိုပေးရပါတယ်။ တချို့ဆို ကျပ်သုံးသောင်း၊ သုံးသောင်းခွဲ လောက်ပိုပေးရတယ်။ ခြောက် သောင်းလောက်ထိ ယူတဲ့သူတောင် ရှိတယ်။ ကိုယ်တိုင်သွားလျှောက်ဖို့ ကျတော့လည်း ဖုန်းလျှောက်ဦး၊ ငွေ သွင်းဦး၊ ဖုန်းသွားထုတ်ဦးနဲ့ အရမ်း အလုပ်ရှုပ်တော့ ဒီလိုပွဲစားကပဲ အပ်လိုက်တာ ပိုအဆင်ပြေနေတာကိုး။ ဘာပဲဖြစ်ဖြစ် အခုလို ပုဂ္ဂလိက ကုမ္ပဏီတွေဆီမှာ ငွေသိပ်ပိုမပေးရဘဲ၊ သိပ်မပင်ပန်းဘဲ လူတိုင်းလွတ် လွတ်လပ်လပ်ဝယ်လို့ ရမယ်ဆိုရင်တော့ အဆင်ပြေတာပေါ့”ဟု ဖုန်းသုံးစွဲနေသူတစ်ဦး၏ ပြောကြားချက် အရလည်း သိ ရှိရပါသည်။
E lite Tech ကုမ္ပဏီမှ Exe-cutive Director ဦးစိုင်းခင်မောင်အေး ကလည်း “မြန်မာ့ဆက်သွယ်ရေးကနေ ကျွန်တော်တို့ကို ဇွန်လ ၆ ရက်နေ့ မှာ ရောင်းချဖို့ ခွင့်ပြုခဲ့တယ်။ ဈေးနှုန်းကို မူရင်းဈေးမူလငွေ ကျပ်ငါးသိန်းအပြင် ၀န်ဆောင်ခအဖြစ် ကျပ်တစ်ထောင့်ငါးရာနှုန်းနဲ့ ဆောင်ရွက်ပေးဖို့ သတ်မှတ်ပေးထားတယ်။ နေ့ စဉ် ၀ယ်လိုအားအလိုက်ရောင်းချပေး သွားမှာပါ” ဟု ပြောကြားခဲ့ပါသည်။
“အရေအတွက် ကန့်သတ်ထားတာ မရှိပါဘူး။ ဖုန်းရောင်းချမှုပိုင်းပဲ တာဝန်ယူမှာဖြစ်ပြီး ဖုန်းကတ်ပျက် တာ၊ ပျောက်ဆုံးတာတွေကိုတော့ မြန်မာ့ဆက်သွယ်ရေးကပဲ ဆက်ပြီး တာဝန်ယူ လုပ်ဆောင်သွားမှာပါ” ဟု E lite Tech ကုမ္ပဏီမှ Executive Director ဦးစိုင်းခင်မောင်အေးက ဆက်လက်ရှင်းပြခဲ့သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ လျှောက်လွှာတင်ကာ ဖုန်းများချပေးသည့်စနစ်မှ ပုဂ္ဂလိက ကုမ္ပဏီအချို့တွင် လျှောက်လွှာစနစ်ဖြင့် မဟုတ်ဘဲ တိုက်ရိုက်ငှားရမ်း သုံးစွဲနိုင်သည့်စနစ်ကို ၂၀၁၁ခုနှစ် ဇွန်လ ၈ရက်နေ့မှ စတင်ကာ အများပြည်သူများထံ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
E lite Tech ကုမ္ပဏီလီမိတက်၊ ရတနာပုံတယ်လီပို့နှင့် Asia Mega link ကုမ္ပဏီတို့မှာ ဂျီအက်စ်အမ် ငါးသိန်းဖုန်းများကို တိုက်ရိုက်ငှားရမ်း ရောင်းချပေးနေသည့် ပုဂ္ဂလိက ကုမ္ပဏီများဖြစ်ပြီး သုံးစွဲသူများထံသို့ ကနဦး ပေးသွင်းငွေ ကျပ်ငါးသိန်းနှင့် ၀န်ဆောင်ခအဖြစ် ငွေကျပ် ၁၅၀၀ စုစုပေါင်း ကျပ်ငါးသိန်းတစ်ထောင့်ငါးရာ နှုန်းထားဖြင့် ၁၅ မိနစ်အတွင်း ဖုန်းရရှိရန် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
နေ့စဉ်ဝယ်လိုအား အလိုက် ရောင်းချပေးသွားမှာပါ။ အရေအတွက် ကန့်သတ်ထားတာမရှိပါဘူး။ ဖုန်းရောင်း ချမှုပိုင်းပဲ တာဝန်ယူမှာဖြစ်ပြီး ဖုန်းကတ်ပျက်တာ၊ ပျောက်ဆုံးတာတွေကိုတော့ . . . |
“ကျွန်မ ဟိုတလောလေးကပဲ ကြားခံပွဲစားနဲ့ အပ်လိုက်တာ ကနဦး ပေးသွင်းငွေ ကျပ်ငါးသိန်းအပြင် နှစ်သောင်းပိုပေးရပါတယ်။ တချို့ဆို ကျပ်သုံးသောင်း၊ သုံးသောင်းခွဲ လောက်ပိုပေးရတယ်။ ခြောက် သောင်းလောက်ထိ ယူတဲ့သူတောင် ရှိတယ်။ ကိုယ်တိုင်သွားလျှောက်ဖို့ ကျတော့လည်း ဖုန်းလျှောက်ဦး၊ ငွေ သွင်းဦး၊ ဖုန်းသွားထုတ်ဦးနဲ့ အရမ်း အလုပ်ရှုပ်တော့ ဒီလိုပွဲစားကပဲ အပ်လိုက်တာ ပိုအဆင်ပြေနေတာကိုး။ ဘာပဲဖြစ်ဖြစ် အခုလို ပုဂ္ဂလိက ကုမ္ပဏီတွေဆီမှာ ငွေသိပ်ပိုမပေးရဘဲ၊ သိပ်မပင်ပန်းဘဲ လူတိုင်းလွတ် လွတ်လပ်လပ်ဝယ်လို့ ရမယ်ဆိုရင်တော့ အဆင်ပြေတာပေါ့”ဟု ဖုန်းသုံးစွဲနေသူတစ်ဦး၏ ပြောကြားချက် အရလည်း သိ ရှိရပါသည်။
E lite Tech ကုမ္ပဏီမှ Exe-cutive Director ဦးစိုင်းခင်မောင်အေး ကလည်း “မြန်မာ့ဆက်သွယ်ရေးကနေ ကျွန်တော်တို့ကို ဇွန်လ ၆ ရက်နေ့ မှာ ရောင်းချဖို့ ခွင့်ပြုခဲ့တယ်။ ဈေးနှုန်းကို မူရင်းဈေးမူလငွေ ကျပ်ငါးသိန်းအပြင် ၀န်ဆောင်ခအဖြစ် ကျပ်တစ်ထောင့်ငါးရာနှုန်းနဲ့ ဆောင်ရွက်ပေးဖို့ သတ်မှတ်ပေးထားတယ်။ နေ့ စဉ် ၀ယ်လိုအားအလိုက်ရောင်းချပေး သွားမှာပါ” ဟု ပြောကြားခဲ့ပါသည်။
“အရေအတွက် ကန့်သတ်ထားတာ မရှိပါဘူး။ ဖုန်းရောင်းချမှုပိုင်းပဲ တာဝန်ယူမှာဖြစ်ပြီး ဖုန်းကတ်ပျက် တာ၊ ပျောက်ဆုံးတာတွေကိုတော့ မြန်မာ့ဆက်သွယ်ရေးကပဲ ဆက်ပြီး တာဝန်ယူ လုပ်ဆောင်သွားမှာပါ” ဟု E lite Tech ကုမ္ပဏီမှ Executive Director ဦးစိုင်းခင်မောင်အေးက ဆက်လက်ရှင်းပြခဲ့သည်။
No comments:
Post a Comment