ငါသည် သင်၏ ဘုရားသခင်၊ ထာဝရဘုရားဖြစ်၏ ဟု မိန့်တော်မူသော ဘုရားရှင်ပညတ်သည်ကား ...
၁။ ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
၂။ ရုပ်တုဆင်းတုကို ကိုယ့်အဘို့ မလုပ်နှင့်၊ ဦးမချ၊ ၀တ် မပြုနှင့်။
၃။ သင်၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွတ်ဆိုနှင့်။
၎။ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ နေ့ရက်ကို အောက်မေ့လော့။
၅။ သင်၏ မိဘများကို ရိုသေစွာပြုလော့။
၆။ လူ့အသက်ကို မသတ်နှင့်။
၇။ သူ့မယားကို မပြစ်မှားနှင့်။
၈။ သူ့ဥစ္စာကို မခိုးနှင့်။
၉။ ကိုယ်နှင့် စပ်ဆိုင်သော သူ တဘက်၌ မမှန်သော သက်သေကို မခံနှင့်။
၁၀။ ကိုယ်နှင့် စပ်ဆိုင်သော သူ၏ ဥစ္စာပစ္စည်း တစုံတခုမှ လိုချင်သောစိတ် မရှိစေနှင့်။

No comments:
Post a Comment