Tuesday, June 14, 2011

သွားမှားနုတ်မိတဲ့ ဆရာဝန် ဒဏ်ရိုက်ခံရ

စင်ကာပူနိုင်ငံတွင် အသက် (၂၃)နှစ်ရှိ အမျိုးသားတစ်ဦးသည် သွားဆရာဝန်မစ္စ ဒက်ဘယ်ဟွန်ထံသို့  သွားများ ဖြောင့်ပြီးညီနေစေရန်အ တွက် သွားရောက်ခဲ့ရာ ဆရာဝန်က ထုံဆေး၊ မေ့ဆေးပေးပြီးနောက်
သွား နှစ်ချောင်းကို မှားယွင်းစွာ နုတ်မိခဲ့ သည်။ လူနာကို ထိုကဲ့သို့မှားယွင်းစွာ သွားနုတ်ခဲ့သည်ကို သိရှိခဲ့ပြီးနောက် တစ်နာရီအတွင်းတွင် အကြောင်းကြား ခဲ့သော်လည်း အင်န်ဒီစီဆေးရုံမှ အ ထူးကုဆရာဝန်များက သွားနှစ်ချောင်း အား ပြန်စိုက်ပေးရန်ပျက်ကွက်ခဲ့သ ဖြင့် လူနာက စင်ကာပူသွားကောင်စီ သို့တိုင်ကြားခဲ့ရာ ကောင်စီက ထိုဆရာ ၀န်မအား ပြင်းထန်စွာပြစ်တင်ပြော
ကြားခဲ့ပြီး ဒဏ်ငွေအဖြစ် စင်ကာပူ ဒေါ်လာ ၃၀၀၀ချမှတ်ခဲ့သည်ဟု စထ ရိတ်တိုင်းမ်သတင်းတစ်ပုဒ်
တွင် ဖော် ပြထားချက်အရ သိရသည်။
 

ထို့အပြင် ဆရာဝန်အမည် စုံစမ်း စစ်ဆေးမှု ဆောင်ရွက်ခဲ့ရသည့်အတွက်ကုန်ကျခဲ့ရသောစရိတ်
များကိုလည်း ပေးဆောင်ရမည်ဖြစ်သည်ဟု သိရ သည်။ဇွန် ၁ရက်ကထိုဆရာဝန်သည် သူ့အား တင်ထားသည့်စွဲချက်နှင့်စပ် လျဉ်း၍ အပြစ်ရှိကြောင်း ၀န်ခံပြော ကြားခဲ့ပြီး နောက်ထပ်အမှားမျိုး 
ထပ်မံ မပြုလုပ်မိစေရန် ကတိပြုခဲ့သည်။
 

ထွက်ပေါ်လာသော သွားကောင် စီ၏ကြေညာချက်တစ်စောင်တွင် ဖော်ပြထားရာ၌ ဆရာဝန်ဒက်ဘယ် ဟွန်သည် လူနာ၏သွားနှစ်ချောင်းကို မှားယွင်းစွာနုတ်မိသောကိစ္စသည် အရေးကြီးသောကိစ္စတစ်ရပ်
ဖြစ်ပါ ကြောင်း၊ အကယ်၍ သူမသည် သူ့ တာဝန်ကို ပိုမိုအားစိုက်ပြီး ကြိုးစား ပမ်းစားထမ်းဆောင်ခဲ့ပါ
လျှင် ထိုအ ဖြစ်မျိုးကို ရှောင်လွှဲနိုင်မှာဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
 

စင်ကာပူသွားကောင်စီသည် သွား ဘက်ဆိုင်ရာဆရာဝန်များအား စည်း ကမ်းထိန်းသိမ်းရန် အာဏာ
အပ်နှင်း ခံထားရသော အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။
 

ထိုသွားကောင်စီသည် သာမန် အသေးအဖွဲအမှုများကိုသာ ကြားနာ စစ်ဆေးခဲ့ရဖူးပြီး နောက်ဆုံးကြားနာ စစ်ဆေးခံရသောအမှုသည် လွန်ခဲ့ သည့်ငါးနှစ်ခန့်ကဖြစ်သည်ဟု သိရ သည်။

No comments: