Tuesday, June 7, 2011

ခရစ်ယာန်မိသားစု နိဒါန်း

ခရစ်ယာန်မိသားစု
Dr. Joseph Tan


နိဒါန်း၊  ၁၉၉၃ခု ဇွန်လ (၁၃)ရက် တနင်္လာနေ့တွင် ထုတ်ဝေသော The Straits Times သတင်းစာ

တွင် ပါရှိသော သတင်းတပုဒ်မှာ "စိုးရိမ်ပူပန်ခြင်းများသည် မိသားစုဘ၀ကို ခြောက်လှန့်လျက်ရှိမည်" ဟုရေးသားဖေါ်ပြထားသည်။
 

စင်ကာပူနိုင်ငံ၏ ၀န်ကြီးချုပ် ဂိုချောက်ထောင်က "လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်ကာလက အလွန် စိတ်ဝင်စားဖွယ်သတင်းအဖြစ် ပထမဆုံး ထွက်ပေါ်လာခဲ့တဲ့ ထိမ်းမြားခြင်းနှင့် ကလေးမွေးဖွားခြင်း သတင်းမှာ တရွေ့ရွေ့ ဆိုးရွားခြင်းသို့ ကျဆင်းလာနေတယ်။ အကယ်၍ စစ်ဆေးသုံးသပ်ခြင်းများ 
မရှိရင် အလွန်ထိတ်လန့်စိုးရိမ်စရာ ဖြစ်လာနိုင်တယ်" ဟူ၍ ပြောခဲ့ပေသည်။
 

စင်ကာပူနိုင်ငံတွင် ယခုအချိန်၌ မိသားစုဘ၀သည် အာရုံ စူးစိုက်စရာကိစ္စဖြစ်လာသည်။ မိသားစု 
သတင်းကို သတင်းစာ၊ မဂ္ဂဇင်းများတွင်  ကျွန်တော်ဖတ်ရသကဲ့သို့ ရုပ်မြင်သံကြားအစီအစဉ်များတွင် တွေ့မြင်ကြရသည်။ ထို့တွင်သာမကရေဒီယို အသံလွှင့်အစီအစဉ်များတွင်လည်း ကြားနေရပေသည်။
 

ထိမ်းမြားခြင်းများသည် ကွာရှင်းပြတ်စဲခြင်းတွင် ပို၍ အဆုံးသတ်ကြလာသဖြင့် အိမ်ထောင်များပြိုကွဲမှု
သည် ပိုမိုများပြားလာနေပေသည်။ ၁၉၉၆ နိုဝင်ဘာ ၇ ရက်ထုတ် စင်ကာပူ The Straits Times သတင်းစာအရ လွန်ခဲ့သောနှစ်တွင် အိမ်ထောင်ကွာရှင်းပြတ်စဲမှုများသည် ၁၅ ရာနှုံးတိုးလာသည်ဟု ရေးသားဖေါ်ပြထားပေသည်။ 

မိသားစု၏ ဘ၀အကြောင်းကို ဖေါ်ထုတ်ရေးသားသည့် မဂ္ဂဇင်းတစ်စောင်၏ လေံလာရှုမှတ် သုတေသနပြုချက်အရ တုံ့ပြန်လာသောမိသားစုများ၏ ၇၀% က အမေရိကန်ပြည်ထောင်စုတွင် မိသားစုဘ၀သည် ဒုက္ခမိုးမှောင် ကျနေသည်ဟု ခံစားမိကြသည်။ အချက်အလက်များကို အမေရိကန်ပြည်ထောင်စုတွင် ထုတ်ဝေသော Nations Magazine မှ ထုတ်နုတ်ဖေါ်ပြထားပါသည်။
 

နောက်ထပ် ခရစ်ယာန် စိတ်ရောဂါကု ဆရာဝန်တစ်ဦး၏ သုတေသနပြုချက်အရ အိမ်ထောင်ပြုပြီး
သူများအနက် ၇၅%ကသူတို့ အိမ်ထောင်ပြုခြင်းသည် မှားကြောင်း၊ ဆုံးရှုံးမှုသာ ဖြစ်ကြောင်း၊ သူတို့ ခံစားမိကြသည်။ ပျော်ရွှင်မှုမရှိသော အိမ်ထောင်များဟူ၍လည်း သူတို့၏ အိမ်ထောင်များကို အကဲဖြတ်ကြလေသည်။  

ဖန်ဆင်းခြင်းအချိန်ကစပြီး မိသားစုဟူသည် လူ့အဖွဲ့အစည်းတွင် အခြေခံကျသောလူ့အဖွဲ့အစည်း
လေးတခုဖြစ်သည်။ "မိသားစု" ဟူသော ဝေါဟာရကို နားလည်ထားကြပုံမှာ မိဘနှင့် သားသမီး
များ ဟူ၍လည်းကောင်း၊ အချို့သောအခြေအနေများတွင် ဆွေမျိုးအရင်းအချာများလည်း ပါသည်
ဟု သတ်မှတ်ထားကြပေသည်။
 

ကမ္ဘာဦးကျမ်း ၂-၂၃း၂၄ တွင် ပထမဦးဆုံး လက်ထပ်ထိမ်းမြားခြင်း အကြောင်းကို ဖေါ်ပြထားပေ
သည်။ အာဒံနှင့် ဧ၀တို့ ထိမ်းမြားကြသည်။ အာဒံက "ယခုပင် ငါ၏အရိုး၊ အသားထဲမှ အသားဖြစ်၍ 
သူမအား လူမိန်းမဟု ခေါ်ရမည်" ဟု မိန့်တော်မူသည်။ ယောင်္ကျားထဲမှ ထုတ်ယူသော မိန်းမဖြစ်
သည်။ ဤအကြောင်းကြောင့် ယောင်္ကျားသည် မိဖကိုစွန့်၍ ကိုယ့်ခင်ပွန်းကို မှီဝဲသဖြင့် ထိုသူတို့
သည် တစ်သား၊ တစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။"  အပိုဒ် (၂၄)။
 

ထို့နောက် ကမ္ဘာ ၁း၂၈ တွင် "အချင်းတို့ များပြားစွာ မွေးကြလော့၊ မြေကြီးကို ပြည့်စေနိုင်ကြလော့" 
ဟူ၍ ဘုရားသခင်က မိန့်တော်မူလေသည်။ ထို့ကြောင့် မိသားစုဆိုသည်မှာ ဘုရားသခင်၏ အကြံအစည်တော်ထဲတွင် ပါရှိပြီးဖြစ်သည်။
 

စိတ်မကောင်းစရာ ပါပဲဗျာ၊ အိမ်ထောင်ရှင်များအဖို့ နေ့အချိန်တွင် စားသောက်ဆိုင်၊ ညအချိန်တွင် ဟိုတယ်သဖွယ် သဘောထားနေကြပေသည်။ အချို့သောသူများအဖို့ဆိုလျှင် အထီးကျန် ဘ၀ဒဏ်
များ ၀င်ရောက်ဖိစီးလာသောအခါ ခြောက်သွေ့သော ကန္တာရသဖွယ် ဖြစ်လာပေသည်။ သို့သော် 
ဘုရားသခင်၌ ပြန်လည် တည်ဆောက်ပြုပြင်သော အိမ်ထောင်များသည် မျှော်လင့်ခြင်း ပျိုးခင်း၊ ဂရုပြုရာဆေးရုံ၊ သင်ကြားလေ့ကျင့်ပေးရာ ကျောင်း၊ မုန်တိုင်းတွင်း၌ နားခိုရာ၊ သက်သေထူရန် 
ခိုင်ခံသော ခံတပ်၊ မြေကြီးပေါ်ရှိ သုခဘုံနှင့် လူသားတို့ ပေါင်းသင်းဆက်ဆံတတ်ဖို့ သင်ကြားပေး
ရာဌာန ဖြစ်လာပေသည်။ တရားဟောဆရာ တစ်ယောက်က သူ၏ ခရစ်ယာန်အိမ်ထောင်များကို "ခရစ်ယာန်မိသားစုများ" ဟူသော ဝေါဟာရဖြင့် မခေါ်မိဖို့ တမင်သက်သက် ရှောင်ရှားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဤအသုံးအနှုံးသည် မည်သူ့အတွက်မဆို လေးနက်သော အဓိပ္ပါယ်မရှိ
သည့် လူအများသုံး ဝေါဟာရဖြစ်သွားမှာ စိုးသည့်အတွက်ကြောင့်ဖြစ်သည်။
 

ခရစ်ယာန်မိသားစုများသည် ကွာရှင်းပြတ်စဲခြင်း ကလေးစရိတ်ရလိုခြင်း၊ စသည့်အမှုအခင်းများဖြင့် တစ်ယောက်ကို တစ်ယောက် ရုံးတက်တရားစွဲနေကြလေသည်။ ခရစ်ယာန်မိသားစုများ ကျူးလွန်
နေသည့် ခရစ်ယာန်မဆန်သော အပြုအမူများစွာကို သူသည် စာရင်းထဲမထည့်ပဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံလိုက်လျှောက်သည့် မိသားစုတို့၏ ဆပ်ကပ်အပ်နှံခြင်း အသက်တာအကြောင်းကိုသာ သူကဟောပြောလေသည်။
 

ခရစ်ယာန်ဘာသာဆိုသည်မှာ သမ္မာကျမ်းစာ၏ သွန်သင်ချက်အတိုင်း လိုက်နာကျင့်သုံး၊ အသက်ရှင်သူတိုင်းသည် တိုင်းတာ၍ မရသည့် ကောင်းကြီးမင်္ဂလာများကို ခံစားရသော 
အိမ်ထောင်မျိုးကို တည်ဆောက်ရန်ဖြစ်သည်။ ပတ်ဝန်ကျင် ကမ္ဘာလောကနှင့် ခြားနားသည့် ယုံကြည်သူများဖြစ်ဖို့ ဘုရားသခင်လိုလားပေသည်။ ထူးကဲသော ထိမ်းမြားခြင်း၊ 
ထူးကဲသော မိသားစုများနှင့် ထူးကဲသောအသက်ရှင်ခြင်း နည်းဟန်တို့ဖြင့် ယုံကြည်သူများနှင့် ကမ္ဘာလောကကြီးသည် သိသာထင်ရှားစွာ ခြားနားနေရပေမည်။
 

ဧဖက် သြ၀ါဒစာစောင်တွင် ရှင်ပေါလုက လောကီသားများ အသက်ရှင်၊ ကျင့်ကြံ၊ ပြုမူသကဲ့သို့ 
ကျွန်တော်တို့ ယုံကြည်သူများသည် မကျင့်ဖို့ သတိပေးထားသည်။ (ဧဖက် ၊ ၄း၁၇)
 

ကျွန်တော်တို့သည် တက်မက်သည့် စိတ်အလိုသို့ မလိုက်ပဲ မေတ္တာဖြင့် လျှောက်လှမ်းဖို့၊ အမှောင်
ထုထဲ၌ မလျှောက်ဘဲ အလင်းတရားထဲ၌သာ လျှောက်တတ်ဖို့ (ဧဖက် ၅း၂-၃၊ ၅း၈)
 

ပညာမဲ့ကဲ့သို့ မဟုတ်ဘဲ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်တတ်ဖို့ (ဧဖက် ၅း၁၅)
 

ဇာတိအသွေးအသားအားဖြင့် မဟုတ်ဘဲ ၊ ၀ိညာဉ်အသက်တာအားဖြင့် လျှောက်လှမ်းတတ်ဖို့ 
(ဧဖက် ၅း၁၈)၊မိမိကိုယ်ကျိုးအဘို့သာ ဂရုစိုက်တတ်သည့် အတ္တဆန်သူ မဟုတ်ဘဲ အခြားလူများ
ကိုလည်း ဂရုစိုက်တတ်သည့် အတ္တစိတ်ကင်းသော သူများအဖြစ် လျှောက်လှမ်းတတ်ဖို့ 
ရှင်ပေါလုက သွန်သင်ထားပေသည်။
 

ကျွန်တော်တို့သည် အတ္တဗဟိုစွဲသူများမဖြစ်ဘဲ ဘုရားသခင်၏ ၀ိညာဉ်တော် အုပ်စိုးမှုအောက်တွင် အသက်ရှင်သူများဖြစ်ကြရမည်။ ရိုးသားစွာပြောရလျှင် ကျွန်တော်တို့သည် ထူးကဲသောသူများ 
ဖြစ်ရပေမည်။
 

ခရစ်ယာန်အိမ်ထောင်ဟူသည် စုံလင်သည် (သို့မဟုတ်) စုံလင်လုနီးနီးဖြစ်သည် ဆိုသာ ပြော
ဆိုမှုမှာ သမ္မာကျမ်းစကားနှင့် လုံဝမကိုက်ညီပါ။ ခရစ်ယာန်အိမ်ထောင်များ၌ပင် မိဘများတို့သည် အပြစ်နှင့်မကင်းကြချေ။ စိတ်ပျက်ဘွယ်ကောင်းလောက်အောင် မကြာခဏ ကျဆင်းကြသည်။ ဖေါက်ပြန်မှားယွင်းတတ်ကြလေသည်။ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်တတ်ကြလေသည်။ သားသမီးများကို စိတ်ပျက်စေတတ်သည်။ ဘုရားသခင်ကိုပင် စိတ်မကောင်း ဖြစ်စေခဲ့ကြ
လေသည်။ သားသမီးများလည်း မှားယွင်းကြသည်။ အပြစ်ပြုကြလေသည်။ အောင်မြင်မှုများ၊ ကောင်းသည့်အရာများလည်း ရှိပါသည်။ မကြာခဏ ဖြစ်ပျက်တတ်သည့် အားနည်းချက်များ၊ ချို့ယွင်းချက်များကတော့ စံထားလောက်သည့် အခြေအနေနှင့် ဝေးပါပေသည်။
 

ဤသည်မှာ ခရစ်ယာန်အိမ်ထောင်၏ သရုပ်သကန် အစစ်အမှန်ပင် ဖြစ်သည်။ စစ်မှန်သော ခရစ်ယာန်အိမ်ထောင်ဟူသည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရရှိသော အပြစ်သားများ နေထိုင်ကြသည့် နေရာပင်ဖြစ်သည်။ အိမ်သူအိမ်သားများသည် အမှန်ကို ၀န်ခံတတ်ပြီး ပြသနာ
ကို နားလည်သဘောပေါက်၍ ထိုပြသနာကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို 
သိလျှက် ကျေးဇူးတော်အားဖြင့် ခရစ်ယာန်အသက်တာတွင် ကြီးထားလာသူများဖြစ်ပေသည်။


မှတ်ချက်၊  Joseph Tan - Co-ordinator for Ambassadors for Christ International / 

East Asia ရေးသားသော စာအုပ် THE CHRISTIAN FAMILY မြန်မာဘာသာပြန်စာအုပ်မှ 
နိဒါန်းအပိုင်းကို တဆင့်ဖေါ်ပြပါသည်။

No comments: