Tuesday, June 28, 2011

ကျန်းမာအသက်ရှည်ခြင်း၏ လျို့ဝှက်ချက်

မစ္စတာစတီဗင်
E-mail Print PDF

 
မစ္စတာစတီဗင်
 

ဆရာဝန်တစ်ဦး မနက်စောစော လမ်းလျှောက်လေ့ကျင့်ခဏ်းလုပ်နေစဉ် အမျိုးသမီး အသက်ရါယ်ကြီးသူတစ်ဦး (အထက်ပါပုံ) ကို သတိပြုမိသည်။

သူမသည် လမ်းဘေးတွင်ထိုင်နေပြီး ဆေးပြင်းလိပ်တစ်လိပ် ဖွာနေသည်။ သူမဆီသို့ လျှောက်သွားရင်း စကားစမြည်ပြောလိုက်သည် ...။

(အနောက်နိုင်ငံတွင်ဖြစ်သောကြောင့် အဖွားဟုမခေါ်ပဲ ကျွန်တော်၊ ခင်ဗျား၊  I & You  ဟုခေါ်ပြောကြပါသည်။)

ခင်ဗျားကိုကြည့်ရတာ ပျော်ရွှင်ဝမ်းမြောက်တဲ့ ပုံပဲ။ ဒီလိုပျော်ရွှင်ဝမ်းမြောက်မှုရတဲ့ လျှို့ဝှက်နည်းလမ်းကို ပြောပြနိုင်မလားခင်ဗျား..။

ကျွန်မ တစ်နေ့ကို ဆေးပြင်းလိပ် ၁၀လိပ် သောက်ပါတယ်။
ညအိပ်ရာမ၀င်ခင်လေးမှာ အလိပ်ကြီးတစ်လိပ်ပြီးမှ အိပ်တယ်။
ဒါအပြင် တစ်ပတ်ကို ဂျော်နီဝေါ့ကား ဘလက်လေဘယ် တစ်လုံးလုံး ကုန်အောင်သောက်တယ်။ လမ်းဘေးကအစားအသောက်ပဲ ၀ယ်စားတာ စားလို့၊သောက်လို့  တယ်ကောင်း သပေါ့။
ဟို..စနေ၊တနင်္ဂနွေရက်များဆို အားတိုးဆေး၊ ဗီတာမင်၊ တရုပ်၊ကုလား၊အင်္ဂလိပ်ဆေးမျိုးစုံ သောက်တယ်။ လေ့ကျင့်ခဏ်း ဘာမှမလုပ်ဘူး..။

အော် ...ဟုတ်လား။ အံသြစရာကြီးပါလားနော် ..။ ကျေးဇူးတော်ပဲ။
ဒါနဲ့ ခင်ဗျားအသက်ဘယ်လောက်ရှိပြီလဲ ..။

အသက် ၄၀ (လေးဆယ်) ရှိပါပြီ .. လို့ သူမကဖြေပါတယ်။

No comments: