မြန်မာပြည်တွင်းမှပြည်ပသို့ထွက်ခွာမည့်ခရီးသည်များအတွက်ယခုအခါတွင်ဗီဇာရရှိရန်အတွက်ခက်ခဲ
မှုများရှိလာသည်။အထူးသဖြင့်သက်ဆိုင်ရာသံရုံများ၏ဗီဇာစနစ်တင်းကြပ်လာမှုများကြောင့်လည်း
အဓိကကျသည့်ကြောင်းဖြစ်သည်ဟုကျွှမ်းကျင်သူများကသုံးသပ်ကြသည်။
အထူးသဖြင့်ယခုနှစ်ထဲတွင်ထိုင်း၊မလေးရှား၊တရုတ်၊ဟောင်ကောင်နှင့်စင်ကာပူနိုင်ငံများသို့
Package Tour အစီအစဉ်များဖြင့်ထွက်ခွာသောမြန်မာခရီးသွားများပိုမိုများပြားလာသည်သာမကပဲ၊
သံရုံးအသီးသီး၏ဗီဇာရရှိနိုင်မှုများသည်ယခင်နှစ်များနှင့်မတူဘဲကြန့်ကြာမှုများရှိလာခဲ့သည်။
ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံသို့ထွက်ခွာမည့်သူများအတွက်ညအိပ်တန်းစီကာစောင့်ဆိုင်းခဲ့ရသည့်
ဖြစ်ရပ်များနှင့်ပိုင်ဆိုင်မှုပြသရသည်များသည်ယခင်ကထက်ပိုမိုခက်ခဲလာသည်ကိုတွေ့ရပေသည်။
ထိုကဲ့သို့ဖြစ်ရသည့်အကြောင်းများထဲတွင်မြန်မာပြည်သားများ၏စီးပွားရေးဖွံဖြိုးတိုးတက်လာပြီး
နိုင်ငံတကာသို့ခြေဆန့်မှုများလာသည့်အကြောင်းသည်လည်းတစ်ခုအပါအ၀င်ဖြစ်သည်။
နိုင်ငံအလိုက်ပေးဆောင်ရသည့်အလည်အပတ်ဗီဇာကြေးများကိုအောက်တွင်ဖော်ပြထားပါသည်။
၁။ထိုင်း ၃၅ (U$)
၂။စင်ကာပူ ၂၃
၃။မလေးရှား ၆
၎။တောင်ကိုရီးယား ၃၀
၅။ဂျပန် ၂၀၀ ကျပ်
၆။အမေရိကန် ၁၉၀ (U$)
၇၊ဟောင်ကောင် ၃၀
၈။အင်ဒိုနီးရှား ၄၅
၉။ဥရောပ ၆၅ ယူရို

No comments:
Post a Comment