ကောင်းကင်ဘုံသို့လူတစ်ယောက်ရောက်လာသည်။စိန့်ပီတာနှင့်တွေ့၏။
လူစိမ်း ၊စိန့်ပီတာခင်ဗျား။စဉ်းစားမရနိုင်တာလေးတွေရှိလို့မေးမြန်းရအောင်ခဏလာ
လည်တာပါမေးပါရစေ။
စိန့်ပီတာ ၊ကိုင်း.......မေးပေတော့။
လူစိမ်း ၊ကွန်မြူနစ်စနစ်တကယ်ကျင့်သုံးနိုင်ရင်သူခိုးတွေမရှိတော့ဘူးဆိုတာဟုတ်ပါသလား၊
စိန့်ပီတာ ၊ဟုတ်တယ်ဆိုရှယ်လစ်စနစ်မှာထဲကိုခိုးစရာကိုမကျန်တော့တာကိုး၊
လူစိမ်း ၊အရင်းရှင်ဝါဒနှင့်ဆိုရှယ်လစ်ဝါဒကရောဘာကွာလဲဗျ။
စိန့်ပီတာ ၊အရင်းရှင်ဝါဒမှာတစ်ယောက်ကအခြားတစ်ယောက်ကိုခေါင်းပုံဖြတ်တာ
ဆိုရှယ်လစ်မှာကျတော့တစ်ယောက်တည်းကအများကြီးကိုခေါင်းပုံဖြတစ်တာ
သိပ်မကွာပါဘူး၊
လူစိမ်း ၊ပုံပြင်ဘယ်နှစ်မျိုးရှိလဲဗျာ
စိန့်ပီတာ ၊နှစ်မျိုးရှိတယ်၊တစ်မျိုးက “ဟိုးအရင်တုန်းကနဲ့စတာ”...နောက်တစ်မျိုးက
အခုပြောပြမှာကတော့နဲ့စတာ........

No comments:
Post a Comment