Saturday, October 22, 2011

ကလေးဆုတောင်းခြင်းနှင့်အတွေးများ

သမီးငယ်လေး သူ့မှာ ဘာဘီကလေးအရုပ်များရှိပါတယ်။ ဒူးထောက်ပြီး အရုပ်တွေနဲ့အတူဆုတောင်းကြတယ်။

*****

အမေနဲ့သားငယ်လေး ညတိုင်း ဒူးထောက်ဆုတောင်းလေ့ရှိကြပါတယ်။ တစ်ညမှာ သားငယ်လေးကမေးပါတယ်။ "မေမေ .. သား၊ဒူးမထောက်ပဲ အိပ်ပြီး ဆုတောင်းချင်တယ်။ သား မသေပဲ ..မနက်နိုးလာရင် မေမေနဲ့ အတူတူ မုန့်စားရဦးမှာလား" .. တဲ့။

*****

တရားဟောဆရာ ဟောတာကြာလွန်းလာတော့ အမေနဲ့အတူထိုင်နေတဲ့ကလေးက အမေ့ကိုတိုးတိုးလေးပြောလိုက်တယ် "သူ့ကို အခုပဲ အလှုငွေသွားပေးလိုက်ရင်၊ ကျွန်တော်တို့ ပြန်လို့ရမလား ..ဟင်"
*****
၃နှစ်သမီးလေးကို ဘုရားကျောင်းဆန်းဒေးစကူး ပထမဆုံးနေ့ အတွေ့အကြုံကို မေးကြည့်တယ်။  သမီးရေ .. ဆန်းဒေးစကူးမှာ ဘာတွေလုပ်ရသလဲ .. ဆိုတော့၊ သမီးလေးက "သီချင်းတွေ ဆိုရတယ်။ ပြီးတော့ ငိုကြရတယ်"  တဲ့။   (သီချင်းဆိုခြင်းနှင့်ကျမ်းပိုဒ်ရွတ်ခြင်း)

*****
ဆန်းဒေစကူးဆရာမက ကလေးတွေဘုရားကျောင်းခေါ်လာခြင်းကောင်းကြီးမင်္ဂလာကို ပြောပြချင်လို့ မေးတယ်။ "ယောသပ်နဲ့မာရိတို့ ယေရှုငယ်စဉ်က ဘာဖြစ်လို့ ယေရုဆလင်ဘုရားကျောင်းကို ခေါ်လာရသလဲ" ..  ကလေးတစ်ယောက်က ဖြေတယ်  "ကလေးထိန်းမရှိလို့ပါ" ...။

*****
ကလေးမလေးကို အဖေဖြစ်သူက ငြိမ်သက်ခြင်းအကြောင်းပြောဖို့ မေးတယ်။ "သမီး၊ ဘာကြောင့် ဘုရားကျောင်းမှာ လူတွေ ငြိမ်ငြိမ်လေးနေကြသလဲ"  ဆိုတော့ သမီးက  "ဘုရားကျောင်းမှာလူတွေ ထိုင်ရင်းအိပ်နေကြလို့ပါ" ..။

No comments: