Wednesday, June 27, 2012

ကျေးဇူးပါပဲ

စမစ်ဟာ သူ့အထက်လူကြီးဖြစ်သူရဲ့ ရုံးခန်းထဲဝင်ပြီး

"ဆရာ ..မနက်ဖြန် ကျွန်တော့ရဲ့အိမ်မှာ တစ်အိမ်လုံးကို သန့်ရှင်းရေး လုပ်မှာပါ။ အဲဒါ အိမ်က မိန်းမက ကျွန်တော့ကို ပစ္စည်းတွေ ရွှေ့ပြောင်း ပေးဖို့နဲ့ ထပ်ခိုးနဲ့ ကားဂိုဒေါင် သန့်ရှင်းရေးလုပ်ဖို့ လိုအပ်နေတယ်"လို့ ပြောလိုက်ပါတယ်။

အထက်လူကြီးက "ရုံးမှာက လူက ရှိတာမဟုတ်ဘူး။ မင်းကို ငါ ခွင့်မပေးတာ စိတ်မကောင်းပါဘူး စမစ်ရေ"လို့ ပြောလိုက်ပါတယ်။

အဲဒီအခါ စမစ်ပြန်ပြောလိုက်တာက "ကျေးဇူးပါပဲ ..ဆရာ။ ဆရာ့ကို အားကိုးလို့ရမယ် ဆိုတာ ကျွန်တော်သိသားပဲ"တဲ့။

No comments: