Showing posts with label အနုပညာ၊ဂီတ. Show all posts
Showing posts with label အနုပညာ၊ဂီတ. Show all posts

Sunday, August 14, 2011

အခြေခံဂီတသင်တန်း

ကလေးသူငယ်များကိုပြုစုသင်ကြားခြင်းအမှုတော်မြတ်သည်ခရစ်တော်ဘုရားကိုယ်တိုင်သွန်သင်ခဲ့သော်
အမှုတော်လုပ်ငန်းတစ်ခုဖြစ်သည်။အသင်းတော်၏အမှုတော်မြတ်တွင်လည်းသင်ကြားပြုစုပျိုးထောင်ခြင်း
သည်ထူးခြားသောအမှုတော်တစ်ခုဖြစ်သည်။

ကျေးဇူးတော်အသင်းတော်မယ်ဆိုင်မြို့၏အခြေခံဂီတသင်တန်းဖွင့်ပွဲကိုလည်း ၆.၈.၂၀၁၁ ရက်နေ့တွင်အောင်
မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။

အဓိကအားဖြင့်တယောသင်တန်း၊ဂီတာသင်တန်းနှင့် Piano သင်တန်းတို့ကိုဦးစွာဖွင့်လှစ်နိုင်ခဲ့ပါသည်။အပတ်
စဉ်စနေနှင့်တနင်္ဂနွေနေ့များတွင်ပို့ချပေးရန်ပြင်ဆင်ထားပါသည်။တယောသင်တန်းတွင် ၂၈ ဦး၊ဂီတာသင်တန်းတွင် ၉ ဦးနှင့် Piano သင်တန်းတွင် ၄ ဦးအထိသင်ကြားလျှက်ရှိပါသည်။

အသင်းတော်မှဆရာ၊ဆရာမများမှအဓိကထားပို့ချပေးပါသည်။အစီအစဉ်ဖြစ်မြောက်ရေးအတွက်ဝိုင်းဝန်း
ကူညီကြသည့်ညီအစ်ကိုမောင်နှမများကိုလည်းအသင်းတော်မှကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်
ပါသည်။

ဆက်လက်ပြီးလိုအပ်သောအသုံးအဆောင်များစွာလိုအပ်နေပါသေးသည်။ဝိုင်းဝန်းဆုတောင်းပေးပါရန်
ဖိတ်ခေါ်အပ်ပါသည်။






Sunday, July 3, 2011

ဇွန်လ မိုးသည်း ညတစ်ညမှာ ဖျော်ဖြေခဲ့တဲ့ Iron Cross Rock Concert

Thursday, 30 June 2011 12:33
AddThis Social Bookmark Button
e4135

ဇွန်လရဲ့ မိုးသည်းညတစ်ည ဖြစ်တဲ့ ၂၂ ရက်နေ့မှာ Iron Cross Rock Concert ဖျော်ဖြေပွဲကို  သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ Iron Cross ရဲ့ပင်တိုင် အဆိုတော်တွေ ဖြစ်တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းနဲ့ အတူ လင်းလင်း က ပါဝင် ဖျော်ဖြေခဲ့ပါတယ်။

သီဆိုမှုကို နှစ်ပိုင်းခွဲခဲ့ပြီး ပွဲဦးထွက်အဖြစ် လင်းလင်းက သီဆိုခဲ့ပါတယ်။ လင်းလင်း ဖျော်ဖြေမှုအပြီး ၀ိုင်ဝိုင်း၊ မျိုးကြီး၊ အငဲ၊ လေးဖြူတို့က သီချင်းအဟောင်းတွေနဲ့ နောက်ဆုံး ထွက်တဲ့စီးရီးထဲက သီချင်းတွေကို ပရိသတ် အကြိုက် သီဆိုဖျော်ဖြေတာ တွေ့ရပါတယ်။ လေးဖြူက မိုးသည်းသည်းမည်းမည်း ရွာသွန်းမှုကြောင့် ပရိသတ်အလာနည်းမှာ စိုးရိမ်နေရကြောင်း၊ ဒါပေမယ့် ခုလိုအချိန်မျိုး မှာတောင် ပရိသတ်အပြည့်နီးပါးလာ အားပေးတဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ဆိုသံက ပရိသတ်တွေကို အချမ်းပြေစေခဲ့ပါတယ်။
ဒုတိယပိုင်းအဖွင့်အဖြစ် လင်းလင်းသီဆိုပြီးနောက် ၀ိုင်ဝိုင်းက ဖျော်ဖြေခဲ့ပါတယ်။ အဲဒီနောက် မျိုးကြီး၊ အငဲ၊ လေးဖြူတို့က စင်ပေါ်မှာအတူရှိရင်း သီချင်းတစ်ပုဒ်စီ အလှည့်ကျသီဆိုမှုတွေနဲ့ ပရိသတ်ရဲ့ အားပေး နှစ်သက်မှုတွေကို ရယူခဲ့ပါတယ်။

ဒီပွဲရဲ့ လက်မှတ်ဈေးနှုန်းက ထိုင်ခုံမဲ့ကျပ် ၆၀၀၀၊  ထိုင်ခုံနဲ့ ဈေးနှုန်းက ကျပ် ၈၀၀၀ ဖြစ်တဲ့အတွက်  အိုင်စီ ပရိသတ်တွေအနေနဲ့ အရင်ဈေးနှုန်းတွေထက် သက်သာခဲ့တာကြောင့် ပရိသတ်အချို့ ၀မ်းမြောက်ခဲ့တာ တွေ့ရပါတယ်။ ပွဲစတင်မှုက အရင်ပွဲတွေထက် နောက်ကျပေမယ့် ညသန်းခေါင်ချိန်ထိတိုင် ဖျော်ဖြေ ပေးခဲ့တာကြောင့် ပရိသတ်တွေရဲ့ အိမ်ပြန်လမ်းမှာ အားရကျေနပ်မှုတွေနဲ့ နွေးထွေးစေခဲ့ပါတယ်။