Showing posts with label ဖွံ့ဖြိုးရေး. Show all posts
Showing posts with label ဖွံ့ဖြိုးရေး. Show all posts

Tuesday, June 21, 2011

လူငယ်ဖွံ့ဖြိုးမှု အစီအစဉ် ဒီဗီဒီအတွက် ဇာတ်ညွှန်းဖိတ်ခေါ်

စာရေးတာ ၀ါသနာပါပြီး ကိုယ်ဖန်တီးထားတဲ့ ၀တ္ထု (သို့မဟုတ်) ဇာတ်ညွှန်းနဲ့ အများအကျိုးပြု ဒီဗီဒီရိုက်ကူးရေးမှာ အသုံးပြုနိုင်မယ့် အခွင့်ကောင်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံဆရာဝန်အသင်း၊ လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ လူငယ်ကျန်းမာရေး ပညာပေး အစီအစဉ်တစ်ခုအဖြစ် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ရိုက်ကူးမယ့် ဒီဗီဒီအတွက် ဆယ်ကျော်သက်လူငယ် တွေရဲ့ ဘ၀အကြောင်းကို အခြေခံရေးသားထားတဲ့ ၀တ္ထု၊ စာမူ၊ ဇာတ်ညွှန်းတွေကို ဖိတ်ခေါ်နေတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတိုင်း မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကတော့ နိုင်ငံရေးနဲ့ ပတ်သက်ငြိစွန်း ခြင်း၊ ပုဂ္ဂိုလ်ရေးအရပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းများကိုပဲဖြစ်ဖြစ် တစ်စုံတစ်ရာ ထိခိုက်စေတဲ့ စာမူမဖြစ်စေရပါဘူး။

မိမိကိုယ်တိုင်ရေးသားထားတဲ့ စာမူဖြစ်ကြောင်း (မည်သည့်စာပေတိုက်၊ မဂ္ဂဇင်းတိုက်သို့ ပေးပို့ထားခြင်း မရှိ) ဆိုတဲ့ ၀န်ခံကတိပါရှိရ မည်ဖြစ်ပါတယ်။စာမူရှင်တွေရဲ့အမည်စာရင်းကို ဇွန်လ ၂၀ရက်နေ့ညနေ ၄နာရီနောက်ဆုံးစာရင်းပေးသွင်းရမှာဖြစ်ပြီး စာမူတင်သွင်း ရမယ့်ရက်ကိုတော့ ဇူလိုင် ၈ ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးသတ်မှတ်ထားပါတယ်။ ရွေးချယ်ခံရတဲ့စာမူရှင်ကို ဆုငွေ ကျပ်နှစ်သိန်း ချီးမြှင့်မှာဖြစ်ပြီး အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်၊ တယ်လီဖုန်း- ၃၉၉၀၂၀၊ ဒေါက်တာခိုင်စိုးဝင်း ၀၉ ၅၁၃၇၆၉၂၊ဒေါက်တာနေ၀င်း ၀၉ ၅၀ ၃၇၂၂၅ နဲ့ကိုဇင်မိုးဝင်း ၀၉ ၅၀၅၅၇၀၂၊တို့ကိုဆက်သွယ်မေးမြန်းနိုင်ပြီး www.ydpmma.org ၀က်ဘ်ဆိုက်မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။

Monday, June 20, 2011

နိုင်ငံဖွံ့ဖြိုးဖို့ လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်ဖို့လိုပြီ

နိုင်ငံသားတိုင်းသည် မိမိတို့မှီတင်းရှင်သန်နေထိုင်ရာ နိုင်ငံတော်ကြီးကို ဖွံ့ဖြိုးတိုးတက်လိုကြသည်။ ထိုဆန္ဒသည် နိုင်ငံ့ခေါင်းဆောင်များတွင်လည်း ရှိမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရန် (၁) တစ်ဦးချင်း ၀င်ငွေတိုးတက်မြင့်မားခြင်း၊ (၂) တစ်ဦးချင်း၌ အစွမ်းအစ ကိုယ်ရည်         ကိုယ်သွေးများရှိခြင်းနှင့် (၃) ထက်မြက်စွမ်းအားရှိသော လူမှုအဖွဲ့အစည်းများရှိခြင်း စသည့်အချက်သုံးချက်ဖြင့် ပြည့်စုံပါက ထိုနိုင်ငံသည် ဧကန်မုချတိုးတက်ချမ်းသာသည်ဟု ဆိုကြသည်။  
    နိုင်ငံတိုင်းကို နိုင်ငံရေးသိပ္ပံပညာရှုထောင့် ဖြင့်ကြည့်ပါက Sector နှစ်ခုသာရှိသည်။ နိုင်ငံတော်နှင့် ပုဂ္ဂလိကဆိုသော Sectorနှစ်ခုဖြစ်သည်။ ပုဂ္ဂလိက သည် အမြတ်ရှိမှသာလျှင် ဆောင်ရွက်ပြီး နိုင်ငံတော် အပိုင်းသည် အဆင့်ဆင့်ဆောင်ရွက်ရခြင်းကြောင့် နှေး သော၊ လေးသောအပိုင်းများရှိသည်။ ထိုအခါ လိုအပ် ချက်ကွက်လပ်များ ဖြစ်ပေါ်လာရာ ထိုအပိုင်းကို လူမှု ရေးအသင်းများက ဖြည့်ဆည်းပေးကြသည်။
     လူမှုရေးအသင်းများက နိုင်ငံတော်နှင့် ပုဂ္ဂလိကဆိုသည့် အစွန်းနှစ်ခုကို ထိန်းပေးသူပြည်သူ လူထု၏ လိုအပ်ချက်ကို ကွက်လပ်ဖြည့်ပေးသူဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်းတွင် လူမှုအဖွဲ့အစည်း များ တောင့်တင်းအားကောင်းကြသည်။ မိမိတို့နိုင်ငံ သည် ဖွံ့ဖြိုးမှုနောက်ကျသောနိုင်ငံဖြစ်၍ လိုအပ်ချက် ကွက်လပ်များစွာရှိနေသည်။ ထိုကွက်လပ်များကို ဖြည့် ရန် လူမှုရေးအသင်းအဖွဲ့များ ပိုမိုများပြားလာရန် လို အပ်နေလေသည်။
နိုင်ငံတိုးတက်ဖို့ဆိုရင်
Civil Society တောင့်တင်းဖို့လို
    လူမှုအဖွဲ့အစည်းများသည် နိုင်ငံဖွံ့ဖြိုးရေး အတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေ ကြောင်း သိရသည်။                      ''နိုင်ငံတိုးတက်ဖို့ဆိုရင် Civil Society       တောင့်တင်းဖို့ လိုအပ်တယ်။ Civil Society တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလို့ အားကောင်းလာဖို့ ပြုစု ပျိုးထောင်ရမယ်။ Civil Society အားကောင်းလာရင် နိုင်ငံတော်ဖွံ့ဖြိုးလာမှာဖြစ်တယ်''ဟု ပါမောက္ခဒေါက် တာ အောင်ထွန်းသက်က ဆိုသည်။
    ကမ္ဘာ့မျက်နှာစာတွင် ထိပ်ဆုံး၌ရှိနေသော အမေရိကန်၊ ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံတို့တွင် လူမှု အဖွဲ့အစည်းများ တောင့်တင်းခိုင်မာလျက်ရှိသည်ဟု သိရသည်။ လူမှုအဖွဲ့အစည်းများသည် အရေးကြီးသော အခန်းကဏ္ဍတွင်ရှိကြောင်းကို အီတလီနိုင်ငံကိုကြည့်၍ သိနိုင်သည်။ လူမှုအဖွဲ့အစည်းများစွာရှိသော အီတလီ နိုင်ငံမြောက်ပိုင်းသည် ဖွံ့ဖြိုးစည်ပင်၍ လူမှုအဖွဲ့အစည်း နည်းသော တောင်ပိုင်းသည် ဖွံ့ဖြိုးမှုနည်းသည်ဟု သိရ သည်။
လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်း
    ပြည်သူလူထုတွင် လိုအပ်ချက်များ မပြည့် စုံမှုများရှိလာသည့်အတွက် လူမှုအဖွဲ့အစည်းများ ပေါ် ပေါက်လာခြင်းဖြစ်သည်။ အခြေခံလူတန်းစားများ၏ လိုအပ်ချက် အကြောင်းအရာများကိုလိုက်၍ ဖြည့် ဆည်းဆောင်ရွက်ရာမှ အမျိုးအစားများစွာ ရှိလာပြီး ကျန်းမာရေး၊ ပညာရေး၊ ကလေးသူငယ်နှင့် အမျိုး သမီးများအား ကာကွယ်စောင့်ရှောက်ရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်သော အဖွဲ့အစည်းများ စသည်ဖြင့် ပေါ်ပေါက်လာသည်။ မြန်မာနိုင်ငံတွင် လိုအပ်ချက် အရ အခြားနိုင်ငံများတွင်မရှိသော နာရေးကူညီမှုကဲ့သို့ အသင်းများ ရှိလာသည်။
    ''နိုင်ငံတကာမှာ NGO အဖွဲ့အစည်းတွေ အများအပြားရှိပေမယ့် နာရေးကူညီမှုအသင်းလို အဖွဲ့ အစည်းတော့ ရှိမယ်မထင်ဘူး။ ပြည်သူတွေလိုအပ် နေတာကို ဖြည့်ဆည်းပေးတာ။ ပြည်သူလူထုအတွက် အဓိကထား လုပ်ပေးတာပါ။ အသင်းက လူပုဂ္ဂိုလ်စွဲ မထားဘဲ နာရေးနဲ့ကျန်းမာရေးအတွက် ဆောင်ရွက် ပေးနေပါတယ်''ဟု ပြည်သူလူထု လိုအပ်ချက်ကြောင့် နာရေးကူညီမှုအသင်းကို ဖွဲ့စည်းဖြစ်ကြောင်း ယင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
    မြန်မာနိုင်ငံတွင်ရှိနေသော NGOအများ စုသည် အခြေခံလူတန်းစားများကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ကူညီထောက်ပံ့ပေးနေသော လူမှုအဖွဲ့အစည်းများဖြစ်သည်။ အခြေခံလူတန်းစား များကို ထောက်ပံ့ပေးမှုများ ပေးနိုင်ရန်အတွက် နိုင်ငံ တော် အစိုးရမှ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပြီး ယင်းလူတန်းစားများ၏ လူမှုရေး၊ ပညာရေးနှင့်ကျန်းမာ ရေးတို့ကို အဓိကထားဆောင်ရွက်ပေးဖို့များစွာလိုအပ် နေသည်ဟု NGO ကျွမ်းကျင်ပညာရှင် ဒေါက်တာမျိုး သန့်တင်က ပြောသည်။
အားသာချက်/အားနည်းချက်
    လူမှုအဖွဲ့အစည်းများသည် အခြေခံလူတန်း စားများနှင့် နီးစပ်သည့်အတွက် ပကတိအခြေအနေ နှင့်လိုအပ်ချက်ကို သိနိုင်သည်။ ပုဂ္ဂလိကကဲ့သို့ အမြတ် အစွန်း တွက်စရာမလိုသည့်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ အစိုးရကဲ့သို့ အဆင့်ဆင့် တင်ပြရခြင်းမရှိသည့်အတွက် လိုအပ်ချက်ရှိသည်ကို သွက်လက်မြန်ဆန်စွာ ဖြည့်ဆည်းအကောင် အထည် ဖော်ပေးနိုင်သည်။
    ''Civil Society တွေဟာ အမြတ်အစွန်းကို ကြည့်စရာမလိုဘူး။ နိုင်ငံတော်အပိုင်းလို လေးတာ၊ နှေးတာမရှိဘူး။ မြန်တယ်၊သွက်တယ်။ အခြေခံလူတန်း စားနဲ့နီးစပ်လို့ ပကတိအခြေအနေကို သိနိုင်တယ်။ NGO ရဲ့  အားနည်းချက်က အထောက်အပံ့နဲ့ရပ်တည် ရတာပဲ။ အမိန့်မရှိလို့ လူတွေကိုစုစည်းဖို့၊ လွှမ်းမို ဖို့ ခက်တယ်။ အမြတ်မရှိလို့စီမံဖို့ခက်တယ်''ဟု ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က လူမှုအဖွဲ့အစည်းများ ၏အားသာချက်နှင့်အားနည်းချက်တို့ကို သုံးသပ်ပြသည်။
    ယင်းကြောင့် ထောက်ပံ့မှုရှိမှ ရပ်တည်နိုင် မည့်အနေအထားမှ ကျော်လွှားနိုင်ရန် လူမှုရေးဦးတည် ချက်ဖြင့် လုပ်ဆောင်သော စီးပွားရေးလုပ်ငန်းများရှိ ရန် လိုအပ်သည်ဟုဆိုသည်။ ဥပမာအနေဖြင့် ကဏန်း မွေးမြူမှုမှ ရရှိသောအမြတ်အား ဒီရေတောစိုက်ခြင်း ကဲ့သို့ လုပ်ဆောင်မှုမျိုးဖြစ်သည်။
NGO Business မဖြစ်ဖို့လို
    နိုင်ငံဖွံ့ဖြိုးရန်အတွက် လူမှုအဖွဲ့အစည်း များ ပိုမိုလိုအပ်နေပြီး ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ခြင်းဆိုသော မူလဦးတည်ချက် မပျက်ရန် လည်း လိုအပ်ကြောင်းကို နာရေးကူညီမှုအသင်း (ရန် ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူက ''NGOတွေမှာ ကိုယ့်ရဲ့ ရည်ရွယ်ချက်က အရမ်းအရေးကြီးတယ်။ NGO ဆို တာ ကိုယ်ဘာသာကိုယ်ထူထောင်ပြီး အများအတွက် ရှင်သန်ရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ကိုယ်ကျိုးမဲ့ အဖွဲ့အစည်းဖြစ်တယ်။ တချို့တွေက NGO ဆိုတာ အမည်ခံပဲရှိတယ်။ နာဂစ်မှာ NGO အဖွဲ့အစည်းတွေ တော်တော်ပေါ်လာတယ်။ အဲဒီမှာဠသူနညအနနမ တွေက ဏမသစသျေူ တွေ နိုင်ငံတကာကို တင်ကြတယ်။ အစည်း အဝေးကို ဟိုတယ်ကြီးတွေမှာလုပ်တယ်။ ဧည့်ခံတယ်။ မကုန်သင့်တာတွေ ကုန်တယ်။ နောက်စရိတ်ယူကြတာ တွေရှိတော့ ဒုက္ခသည်တွေလက်ထဲရောက်တဲ့ပမာဏ က အင်မတန်နည်းပါတယ်။ ဒီလိုမဖြစ်ဖို့က အရေးကြီး တယ်''ဟု သုံးသပ်ပြသည်။
အလုပ်ထက် ရလဒ်အရေးကြီး
    အာဆီယံနိုင်ငံများ၌ပင် လူမှုအဖွဲ့အစည်း များဖွံ့ဖြိုးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဖွဲ့အစည်းများ စွာရှိရာ NGO Businessဟုပင် ခေါ်ဆိုကြကြောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။ဆက်လက်၍ ယင်းက ''လူမှုအဖွဲ့အစည်းတွေ များ လေကောင်းလေပဲ၊ တစ်ခုပဲရှိတယ် ဘယ်အဖွဲ့အစည်း ပဲလုပ်လုပ် ရလဒ်ကအရေးကြီးတယ်။ ဥပမာ- အသေး စားချေးငွေပေးတာ၊ ဆင်းရဲခြင်းက ဆွဲထုတ်ချင်တာ ဖြစ်လို့ လုံးဝမချေးရရင် ကောင်းတယ်။ အခုက ချေးတဲ့ ပမာဏနဲ့ တိုင်းနေကြတယ်။ ဆေးဝေတဲ့အရေအတွက် ထက် ဆေးကိုသတ်မှတ်အညွှန်းအတိုင်း သုံးတာရလဒ်၊ ရေတွင်းတူးတာအလုပ်၊ သုံးလို့ရတဲ့ ရေတွင်းအသုံးပြု တာရလဒ်''ဟု လူမှုအဖွဲ့အစည်းများမှ ပြည်သူတို့အ တွက် ထိရောက်စွာ အကျိုးပြုနိုင်ရန် သုံးသပ်ပြသည်။