Showing posts with label ပရဟိတ. Show all posts
Showing posts with label ပရဟိတ. Show all posts

Saturday, August 6, 2011

အမှိုက်ကောက်ပြီး ကလေးကျောင်းထောင်ခဲ့သူ အာဂအမျိုးသမီး

ကလေး ၁၈၀၀ အတွက် အမှိုက်ပုံများမှ စွန့်ပစ် ပစ္စည်းများကို ကောက်ယူရောင်းချပြီး စာသင်ကျောင်း ထောင်ခဲ့သူမှာ အာဂ ပါကစ္စတန် အမျိုးသမီးတစ်ဦးဖြစ်သည်။

ဝန်ကြီးချုပ် ယူဆာ့ဖ်ရာဇဂီလန်နီက  မိဘမဲ့၊ စွန့်ပစ်ခံ ကလေးများအတွက် ဤအမျိုးသမီး၏ ကိုယ်ကျိုးစွန့် အားထုတ်မှုကို ကူညီပေးရန် ရူပီးငွေ ၁ သန်း ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

အိုးအိမ်မဲ့တို့ နေထိုင်ရာ Slum နေရာတစ်ခု
အိုးအိမ်မဲ့တို့ နေထိုင်ရာ Slum နေရာတစ်ခု

ဂီလန်နီက ရူဘီနာ ကုရာရှီ၏ အားထုတ်မှုတို့ကို ကြားသိရသဖြင့် အလွန်ပင် ခံစားရခဲ့ကြောင်းဆိုသည်။ ရူဘီနာသည် ဆင်းရဲလွန်းလှသည့် လာဟိုးပြည်နယ်က ကလေးငယ် ၁၈၀၀ အတွက် စာသင်ကျောင်းကို အိမ်တကာလှည့် အမှိုက်ကောက်ယူပြီး ရောင်းချရသည့်ငွေဖြင့် တည်ထောင်ထားသူဖြစ်သည်။

လူအများ အသုံးမလိုတော့သဖြင့် စွန့်ပစ်ပစ္စည်းများကို လိုက်ကောက်ပြီး ရောင်းချခဲ့ရကြောင်း၊ ရသည့်ငွေကြေးဖြင့် အခမဲ့ပညာသင်ပေးကြောင်း၊ စာအုပ်များကို စွန့်ပစ်ခံ ဆင်းရဲသားကလေးငယ်များအတွက် ၀ယ်ပေးကြောင်း ရူဘီနာက ပြောပြခဲ့သည်။

ရပ်ရွာအတွင်းရှိ ချမ်းသာကြွယ်ဝသူများ၊ စည်းစိမ်ယစ်နေသူများ အနေဖြင့် အိုးအိမ်မဲ့၊ စွန့်ပစ်ခံလူထု၏ ကလေးငယ်များ ပညာရေး၊ စာသင်ကျောင်းတို့အတွက် ငွေကြေးလှူဒါန်းသင့်ကြောင်း အကြံပြုထားသည်။

မောက္ခနိုင်ငံတကာ ပညာရေးသတင်း

Monday, August 1, 2011

နွမ်းပါးမှုကြောင့် ရင်သွေးအား ရောင်းစားခဲ့သည့် ဖြစ်ရပ်ရှိခဲ့၍ မိဘမဲ့ကလေးများ လက်ခံရာတွင် သတ်မှတ်အသက်ထက် ငယ်သော်လည်း လက်ခံနေသော ပရဟိတကျောင်းရှိနေ

E-mail Print PDF

ဆင်းရဲနွမ်းပါးခြင်းကြောင့် မိဘရင်းကိုယ်တိုင် ဆက်လက်ကျွေးမွေး စောင့်ရှောက်နိုင်ခြင်း မရှိတော့သည့်အတွက် မိမိရင်သွေးအား သူတစ်ပါးသို့ ရောင်းစားခဲ့သည့် ဖြစ်ရပ်အချို့ရှိခဲ့သည့်အတွက် မိဘမဲ့ကလေးများ လက်ခံထိန်းသိမ်း စောင့်ရှောက်သည့် ပရဟိတကျောင်းအချို့၌ မိဘမဲ့ကလေး များ စတင်လက်ခံရန် သတ်မှတ်ထားသည့် အသက်ထက်ငယ်သည့်တိုင် လက်ခံမှုများရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အောင်သိဒ္ဓိလမ်းရှိ ကုမာရာရာမ ကျောင်းတိုက်၌ မိဘနှစ်ဦးစလုံး သေဆုံးသွားသည့် ကလေးများနှင့် မိဘမစုံလင်တော့သည့် ကလေးငယ်ပေါင်း ၁၂၀ ဦးကျော် ထိန်းသိမ်းစောင့်ရှောက်၍ ပညာသင်ကြားပေးလျက် ရှိကြောင်း သိရှိရပါသည်။

“ဘုန်းကြီးကျောင်းဆိုတော့ ယောက်ျားလေးတွေကိုပဲ လက်ခံပါ တယ်။ သတ်မှတ်ထားတာကတော့ အသက်သုံးနှစ်ကနေ ၁၃နှစ်အထိပေါ့။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အသက်သုံးနှစ်အထိ ရောက်အောင် ဘယ်လိုမှမကျွေးမွေး၊ မစောင့် ရှောက်နိုင်တော့ဘူး ဆိုရင်တော့လည်း လက်ခံပေးပါတယ်။ တစ်ခါက ဘုန်းကြီးတို့ကျောင်းကို ဖအေဆုံးသွားလို့ မအေဖြစ်သူက အသက်တစ်နှစ်ခွဲ လောက်ပဲရှိသေးတဲ့ ကလေးကို ကျောင်းလာအပ်ပါတယ်။ အရမ်းငယ်လို့ အဲဒီအချိန်တုန်းက လက်မခံဖြစ်ခဲ့ပါ ဘူး။ နောက်ပိုင်းမှ အဲဒီအမျိုးသမီးကို ပြန်တွေ့လို့ ကလေးအကြောင်း မေးကြည့် ဖြစ်တဲ့အခါ အဲဒီကလေးကိုသူများကို ရောင်းစားလိုက်တဲ့အကြောင်း သိရတယ်။ နောက်ပိုင်းမှာ ကလေးတွေကို လာအပ်ရင် အကျိုးအကြောင်း စုံစမ်းပြီး လက်ခံဖြစ်ခဲ့ပါတယ်။ ကလေး တစ်ဦးဆိုရင် စလက်ခံခဲ့တဲ့အချိန်တုန်းက ဘုန်းကြီးလက်ထဲမှာ နို့တွေအန်တဲ့ အရွယ်လေးပဲ ရှိပါသေးတယ်။ အခုတော့ အသက်သုံးနှစ် ပြည့်သွားပါပြီ”ဟု အဆိုပါကျောင်းမှ ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တကုမာရ က မိန့်ကြားခဲ့ပါသည်။

“တချို့တွေက ကလေးမရလို့ မိဘမဲ့ကလေးတစ်ယောက်ခေါ်ပြီး မွေးစားတယ်။ မွေးစားပြီးနောက်ပိုင်းမှာ ကလေးတွေ ဆက်တိုက်ရလာတော့ မွေးစားထားတဲ့ ကလေးကို အရင်ကလို ဂရုမစိုက်တော့ဘူး။ ကိုယ့်သွေးသားကိုပဲ တန်ဖိုးထားပြီး မွေးစားထားတဲ့ ကလေးကို လှစ်လျူရှုလိုက်ကြတယ်။ အဲဒီကလေးလည်း ဖြစ်သလိုနေရ စားရနဲ့သူများ ခိုင်းဖတ်ဖြစ်သွားရတဲ့ ဖြစ်ရပ်တွေကို တွေ့ထားတာတွေလည်း ရှိတော့ ဘုန်းကြီးမွေးထားတဲ့ ကလေးတွေကို ဘယ်သူကိုမှမွေးစား ခွင့်မပေးဘူး။ လောကီမှာ ထူးချွန်တဲ့ သူတွေကို လောကီပညာကို သင်ကြားပေးမယ်၊၊ လောကုတ္တရာမှာ ထူးချွန် သူတွေကို လောကုတ္တရာပညာကို သင်ကြားမယ်”ဟု ဆက်လက်မိန့်ကြားခဲ့သည်။

လက်ရှိ၌ကိုရင်ဝတ်ဖြင့် ၇၁ ပါး နှင့် လူဝတ်ဖြင့် ကလေးငယ် ၃၀ ဦး တို့ရှိပြီးရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ်တို့မှ မိဘမဲ့ ကလေးများ အများဆုံးဖြစ်သည်။
Eleven Media