Showing posts with label ကဗျာခံစားမှု. Show all posts
Showing posts with label ကဗျာခံစားမှု. Show all posts

Monday, August 15, 2011

ဧည့်သည်ရဲ့ အိမ်ပြန်ချိန်

“အချိန်တန်ပြီ” ဆိုတော့လည်း
လွယ်နေကြအိတ်ထဲကိုပဲ
ယူနေကြ ၀တ္တရားကိုပဲ
တခုပြီး တခုပြန်ကောက်အထည့်
ညိုနေတဲ့ မိုးဟာ
ပြိုလုခမန်းကို စိုစွတ်လာ
ကပိုကရို နိုင်လွန်းတဲ့ စိတ်ဟာ
တဆိတ်
လွန် …လွန်းအားကြီးတယ်။
တနေ့နေ့
ဦးပိန်တံတားပေါ်မှာ
ဦးပိန်တံတားကဗျာကို ရွတ်ခဲ့ကြသလိုမျိုး
အသီးသီးတို့ တံခါးဝမှာ
အသီးသီးတို့ အ၀င်ဝတွေအကြောင်း ရွတ်ဆိုကြဖို့
မကြာမကြာ ဆန်တက်စို့ဦးရယ်…
ဒီလို အတွေးလည်း ရှိတယ်။
စိတ်နဲ့ မှားခဲ့တဲ့အမှားတွေ ရှိရင်လည်း
စိတ်ထဲကနေ တောင်းပန်ခဲ့တယ်
ညီမလေးက အရိုင်းအစိုင်းဆိုတော့
တခုခုဆိုရင်
အမှားအယွင်းက ဖြစ်ထွန်းလွယ်တယ်။
ဒီခရီး အကွာအဝေးက
လက်တဖောင်မက ကျယ်လွန်းတော့
လက်ဖြောက်တီးသလို
ခေါက်တုံ့ခေါက်ပြန် ရောက်ဖို့မလွယ်
ဝမ်းနည်း ပက်လက်ကို သယ်ပိုးရင်း
ခါတိုင်း ၀ပ်ကျင်းနေရာလေးကို
မ၀င့်မရဲ တိုးအ၀င်
တဖွဲဖွဲမိုးဟာ
တသည်းသည်း အသွင်ကို တီးလုံးပြောင်းလို့…………။

နှင်းနုလွင်
08၊ 08၊ 2011

Tuesday, July 26, 2011

လက်ဝါးပုံပြင်

အမုန်းတရားမှန်သမျှကို
ဧည့်သည်ပဲထားပါ
အိမ်ရှင်ရင်ခွင်ထဲ ဝင်ခွေမနေပါစေနဲ့…….

အာဏာဆိုတာ
ညီအကိုကိုနေဝင်တယ်။
သားအဖကို လမ်းကွဲတယ်။

အဲလိုဘဲ
လက်ဝါးဟာ သေနတ်ပစ်လို့ရတယ်
လက်ဝါးဟာ ပါးရိုက်လို့ရတယ်
လက်ဝါးဟာ လက်ညှိုးထိုး အပြစ်ပြောလို့ရတယ်
အဲလိုဘဲ
လက်ဝါးဟာ
မြတ်နိုးစွာ လက်တွဲလို့ရတယ်။
လက်ဝါးဟာ လေးစားစွာ လက်စွဲနှုတ်ဆက်လို့ရတယ်။
လက်ဝါးဟာ အားပေးလက်ခုပ်တီးလို့ရတယ်။
အင်း……
လက်ဝါးဟာ ဘုရားရှိခိုးလို့လည်း ရသေးတယ်…
မင်း ဘာကို ရွေးမလဲဆိုတာ
ရိုးရိုးသားသားနဲ့ မင်းရင်ဘတ်ကို မင်းပြန်မေးလိုက်ပါ။


ချစ်ခြင်းမေတ္တာဟာ မီးပြတိုက်တစ်ခုဘဲ
မှောင်မိုက်နေရင်တောင်
မြင်ယောင်မှန်းဆလို့ရတယ်
တို့ရဲ့လက်ဖဝါးတစ်ဖက်ဟာ
နွေးထွေးစွာကမ်းလာမယ့် တစ်ဖက်ကိုမျှော်နေတယ်ဆိုတာ…။        ။


စိမ်းခက်စိုး

Thursday, July 7, 2011

မဗေဒါရဲ့ ချစ်ပုံပြင်

တကယ်တော့ ကျနော်တို့ ဘ၀ဟာလည်း ဆရာဇော်ဂျီရဲ့ ဗေဒါကဗျာ လိုပါပဲ။ လောကဓံ တရားတွေရဲ့ ရိုက်ခတ်မှုတွေ၊ တိုက်ခိုက်ထိုးနှက်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။

(ဆင်းရဲလိုက်၊ ချမ်းသာလိုက်၊ အခြွေအရံ ပေါများလိုက်၊ အထီးကျန်ဆန်သွားလိုက်၊ ကံဆိုးလိုက်၊ ကံကောင်းလိုက်၊ ငွေလှိုင်နေ သ…ည့်အခါတွေလည်းရှိ၊ ငွေလိုသဖြင့် မာနကိုနှိမ်ချပြီး ချေးရငှားရတဲ့အခါတွေလည်းရှိ၊ လူရာသွင်းသည့်အခါလည်းရှိ၊ ချောင်ထိုးခံ ရသည့် အခါတွေလည်း မနည်း)။ 

ဒါပေမယ့်လေ…ဘာပဲဖြစ်ဖြစ် ကဗျာထဲက ဗေဒါပင်လေး လိုပါပဲ ရောက်တဲ့နေရာမှာပျော်… ဘယ်လိုပဲဖြစ်ဖြစ် အလိုက်သင့်နေထိုင်ရင်း… အစဉ် ပန်းပန်လျှက်ပါ…

ညိုပြာပြာ လတာပြင်ခြေရင်း၊
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလည်း မသက်သာ၊
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ၊
အဆင်းနဲ့ အလာ၊ ဗေဒါမအထွေး၊
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လည်း မသက်သာ၊
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ၊
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ၊
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ(တည်း)။
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။

တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀