Monday, July 25, 2011

ကျေးဇူးပြုပြီးမရယ်ပါနဲ့ (၂၅.၇.၂၀၁၁)

(၁) နောင်တ
“လက်မထပ်ခင်တုန်းက ငါ့မိန်းမကို ငါဘယ်လောက် ချစ်သလဲဆိုရင် တစ်ခါတလေ
သူ့ကို ကိုက်စားချင်စိတ် ပေါ်မိတယ်”
“အခုကော”
“မစားလိုက်မိတာ မှားလေခြင်းလို့ နောင်တရတယ်”

*****************************************************************************

(၂) ဘယ်အချိန်လာရမလဲ
ဈေးမ၀ယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည်။
အမျိုးသား – အမကြီး ခရမ်းသီး တစ်လုံး ဘယ်လောက်လဲ
ဈေးသည် – မောင်လေး ခရမ်းသီးက အချိန်နဲ့ ရောင်းတာကွဲ့
အမျိုးသား – အဲ့ဒါဆို ကျွန်တော် ဘယ်အချိန် လာဝယ်ရမလဲ?

********************************************************************************

(၃) ဘာမှမရှိဘူး
လူတစ်ယောက် စားသောက်ဆိုင်သို့ ၀င်လာပြီး စားပွဲထိုးကို မေးသည်
“ခင်ဗျားတို့ဆီမှာ ငါးဟင်းရလား”
“မရပါဘူး”
“အမဲနှပ်ရော”
“မရှိပါဘူး”
“ဟင်းသီးဟင်းရွက်ကြော်ကော”
“အဲဒါလည်း မရှိပါဘူး”
ယောက်ျားကြီး စိတ်ပျက်ပြီး ဆိုင်ထဲမှထွက်လာသည်။ နောက်မှ စားပွဲထိုး
ပြေးလိုက်လာပြီး အော်ပြောသည်။
“ကျွန်တော်တစ်ခု ပြောဖို့ မေ့သွားပါတယ်။ ကျွန်တော်တို့ဆိုင်မှာ
ဝက်သားဟင်းလဲ မရပါဘူး”

*******************************************************************************

(၄) အကြံကောင်း
အရက်ဆိုင်ပိုင်ရှင်ကို ဧည့်သည်က ပြောသည်
“ခင်ဗျားတို့ဆိုင်က တစ်နေ့တစ်နေ့မှာ စည်ဘီယာ ဘယ်နှစ်လီတာ ရောင်းရသလဲ”
“လီတာ ၂၀၀ လောက်ပါ”
“တစ်နေ့ကို လီတာ ၃၀၀ လောက် မရောင်းရချင်ဘူးလား”
“ရောင်းချင်တာပေါ့ဗျာ. နည်းရှိရင် မစပါလား”
“ဖန်ခွက်ထဲကို ဘီယာ အပြည့်ထည့်”

************************************************************************************

(၅)မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်
မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်
ဆရာမ – ခြံစည်းပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို. တယောက် က သေနတ်နဲ. တချက် ပစ်လိုက်ရင်။
ငှက်ဘယ်နှကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။
ဂျော်နီ – ဘယ်နှကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ. အားလုံး ထပျံကုန်မှာပါ။
ဆရာမ – အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ်. မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်။
ဂျော်နီ – ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတခုမေးမယ်နော်။
ဆရာမ – အင်း မေး။
ဂျော်နီ – အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ ရေခဲမုန်.ထိုင်စားနေကျတယ်။ ပထမတစ်ယောက် က
ရေခဲမုန်. ကို ဘေးကနေ လျှာ နဲ. လျှက်နေတယ်။ ဒုတိယ တစ်ယောက် ရေခဲမုန်.ကို အပေါ်က နေ အားရပါးရ စုပ် နေတယ်။
တတိယ တစ်ယောက် က ရေခဲမုန်.ကို ကိုက်စားနေတယ်။ ဘယ်တယောက်က အိမ်ထောင်သည် လို.ထင်လဲ ဆရာမ။
ဆရာမ က ရှက်ရှက် နှင်.
ဆရာမ – အပေါ်က နေ အားရပါးရ စုပ် နေတဲ. သူက အိမ်ထောင်သည် ပေါ.ကွယ်။
ဂျော်နီ – မှားတယ်ဆရာမ ၊ သူတို.ထဲ က လက်ထပ် လက်စွပ်ရှိတဲ.သူ က အိမ်ထောင်သည် ပါ။
ဒါပေမယ်. ကျွန်တော် ဆရာမ အတွေးအခေါ်ကို သဘောကျတယ်။
******************************************************************************

(၆)အိမ်ရှင်မဆိုတာ

ပီတာတစ်ယောက်အိမ်ကိုပြန်ရောက်ရောက်ချင်း မြင်လိုက်ရတဲ့မြင်ကွင်း ကြောင့်အံ့ဩမှင်တက်သွားပါတယ်။တစ်အိမ်လုံးလည်း ရှုပ်ပွ၊သူ့ကလေး တွေကလည်း အိမ်ရှေ့က ဗွက်အိုင်တွေထဲမှာ ည၀တ်အင်္ကျီတွေ ဝတ်ပြီး လူးလှိမ့်ဆော့နေကြ၊ဧည့်ခန်းထဲမှာလည်း စားထားသောက်ထားတဲ့အခွံ တွေ၊အမှိုက်တွေ ဗရပွ၊မီးဖိုချောင်ထဲမှာလည်း ဆေးစရာပန်းကန်တွေက အပုံလိုက်နဲ့ အိပ်ခန်းဆီလာတဲ့ လမ်းမှာတောင် အ၀တ်တွေ၊ ကစားစရာ တွေကို ၀င်တိုက်မိပြီး ချော်လဲမလိုတောင် ဖြစ်လိုက်ပါသေး တယ်။ ဒါနဲ့ သူ့မိန်းမကိုရှာတော့ အိပ်ခန်းထဲမှာ စာဖတ်နေတာကို တွေ့ လိုက်ရပါ တယ်။

ဒီတော့ ပီတာက "ဒီနေ့ ဒီမှာဘာတွေဖြစ်ထားတာလဲ"လို့ စိတ်ဆိုးဆိုးနဲ့ မေးလိုက် ပါတယ်။ ဒီတော့ သူ့မိန်းမက သူ့ကို ပြုံးပြုံးကြီးကြည့်ပြီး "နေ့တိုင်း ရှင်အလုပ်က ပြန်လာပြီဆို ကျွန်မကို ဒီနေ့ဘာလုပ်သလဲလို့ မေးတယ်မဟုတ်လား"လို့ဆိုတော့ ပီတာက "အင်း"လို့ ပြန်ဖြေလိုက်ပါ တယ်။ဒီတော့ သူ့မိန်းမဆက်ပြောတာက "အေးလေကျွန်မဒီနေ့ ရှင်မေး တာကို မလုပ်ထားဘူးလေ"

No comments: