Friday, December 2, 2011

ဘုရားသခင်သည် ကျွန်ုပ်တို့ကို တဖြေးဖြေး တိုးတက်စေမည်

“သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ထံက တရွေ့ရွေ့ နှင်ထုတ်တော်မူလိမ့်မည်။ တောသားရဲတို့သည် သင့်တဘက်၌ များပြားမည်ကိုစိုးရိမ်၍၊ သူတို့ကို ချက်ခြင်း မပယ်မရှားသင့်။” (တရား၊ ၇း၂၂)

ဘုရားသခင်က ကျွန်ုပ်တို့ကို ချက်ချင်းတမဟုတ်ခြင်းပြောင်းလဲတိုးတက်စေနိုင်သော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် တဖြေးဖြေးတိုးတက်စေသည့်နည်းကို ရွေးချယ်ထားခဲ့ပါသည်။ ပြောင်းလဲတိုးတက်ရန် အဘယ်ကြောင့် ဤမျှလောက် အချိန်ယူပြုလုပ်ရပါသလဲ? ဤအတွက် အကြောင်းရင်း များစွာရှိပါသည်။

“တိုးတက်မှုသည် နာကျင်မှု၊ ခြောက်လန့်မှုနှင့် အမြဲတွေ့ရတတ်ငြားလည်း နောက်ဆယ်နှစ်၌ သင့်အသက်တာအကောင်းဆုံးဖြစ်လာရန် ယခုသင်လုပ်ဆောင်လျက်ရှိသောအရာများသည် တစ်နေ့ တန်ဘိုးရှိလာပေမည်။”

ကျွန်ုပ်တို့သည် သင်ကြားခံယူမှုနှေးကွေးသူများဖြစ်သည်။ သင်ခန်းစာတစ်ခုကို အမှန်ရရှိရန် ပြန်လည်သင်ယူရာတွင် အကြိမ်လေး-ငါးဆယ်တိုင်ကြာတတ်ကြပါသည်။ ပြဿနာမှာ အဖန်တလဲလဲဖြစ်နေ၍ သင်ယူပြီးသောအရာကို နောက်ထပ် ပြန်မလုပ်လိုသော်လည်း ဘုရားသခင်က သာ၍ ကောင်းသောအရာကို သိတော်မူပါသည်။ ကျွန်ုပ်တို့သည် အကြိမ်ကြိမ် သင်ယူရန်လိုပေသည်။

ကျွန်ုပ်တို့၌ မသင်ယူရသေးသည့်အရာ များစွာရှိသည်။ လူများစွာတို့သည်  တိုးတက်ရန်နှစ်ပေါင်းများစွာ ကြာစေသည့် မိမိတို့၏ပြဿနာသို့မဟုတ် သူတပါးနှင့်ဆိုင်သော ပြဿနာများကို အကြံပေးပုဂ္ဂိုလ်ထံသွား၍ ``ကျွန်တော့်ကိစ္စကို ဆုံးဖြတ်ပေးပါ။ အချိန်တစ်နာရီပေးပါတယ်´´ဟု ပြောပြကြသည်။ ကျွန်ုပ်တို့၏ ဆိုးသောအကျင့်အလုံးစုံနှင့် ပြဿနာအများစုကို တစ်ညတွင်းချင်းပြောင်းလဲပြစ်၍ မရနိုင်ပါ။ ထိုအရာများကို တမဟုတ်ခြင်းရှင်းထုတ်၍ မရနိုင်ပါ။

တိုးတက်မှုသည် နာကျင်မှု၊ ခြောက်လန့်မှုနှင့် အမြဲတွေ့ရတတ်ငြားလည်း နောက်ဆယ်နှစ်၌ သင့်အသက်တာအကောင်းဆုံးဖြစ်လာရန် ယခုသင်လုပ်ဆောင်လျက်ရှိသောအရာများသည် တစ်နေ့ တန်ဘိုးရှိလာပေမည်။ ပြောင်းလဲမှုများ မလုပ်မခြင်း တိုးတက်မှုရရှိလာနိုင်မည်မဟုတ်ပေ။ ဆုံးရုံးမှု စိုးရွံ့စရာမရှိဘဲနှင့် ပြောင်းလဲမှု မရနိုင်။ နာကျင်မှုမရှိဘဲ မဆုံးရှုံးနိုင်။ ကျွန်ုပ်တို့သည် မိမိတို့ဇာတိဟောင်းများနှင့်စပ်လျဉ်း၍ မိမိကိုယ်ကို ချိုးခြံစွာကျင့်သော်လည်း  ထိုအထဲသို့ တဖန်ကျရောက်ရန် ဖြားယောင်းခြင်းခံရသည်။ အကြောင်းမှာ ထိုအရာတို့နှင့် အကျွမ်းဝင်ထားပြီးသည်။

သင်သည် အသစ်သောအတွေ့အကြုံကိုရရန် လမ်းဟောင်းများကို စွန့်ပြစ်ရမည်။ ဘုရားသခင်က သင့်အတွက် စီမံထားပေးသောအရာသည် သင်မျှော်မှန်ထားသည်ထက် သာလွန်ပါသည်။ ထိုအရာ၌သာ မြဲမြံစွဲမြဲပါ။ သင်ပြောင်းလဲတိုးတက်လာရန် ဘုရားသခင်က တဖြေးဖြေးလုပ်ဆောင်သွားပေမည်။

No comments: