Tuesday, December 15, 2020

Joy To The WORLD / Rock Version By Maesai Grace Church


 

 မှားမှန်းသိရင်ချက်ခြင်းပြင်

💮💮💮💮💮💮💮💮💮
ငါ​ထ၍ အ​ဘ​ထံ​သို့ သွား​မည်။ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။-
ရှင်​လု​ကာ​ခ​ရစ်​ဝင် ၁၅:၁၈
ရှင်လုကာခရစ်ဝင်ကျမ်းထဲက ပျောက်သော သား
ဥပမာလေး ကို ဒီမနက်အာရုန်ဦး ဆုတောင်းရင်းနဲ့
အသစ်တစ်ဖန်ပြန်ပြီး သင်ရန်ရှိခဲ့ပါတယ်။
ကျွန်တော်တို့လူသားများဟာ မပြည့်စုံပါဘူး၊ အား
နည်းချက်ကိုယ်စီရှိကြပါတယ်။ဒါကြောင့်လည်းဘဲ
ခရစ်တော်ယေရှုဘုရားက လူ့ဇာတိခံပြီးလောက
သားများအတွက်ဆင်းကြွလာခဲ့ပါတယ်။
နေ့ရက်စဉ်နှင့်အမျှမှားတတ်တယ်၊မှားယွင်းစေမယ့်
အကြောင်းတရားများကလည်းပတ်ဝန်းကျင်မှာ
ပြည့်လို့နေတာဘဲလေ။
ကာယကံ၊ဝစီက၊မနောကံအားဖြင့်ပြစ်မှားဖို့ အပြိုင်
ကြိုးစားနေကြတာကို နေ့စဉ်တဓူဝကြုံရ၊မြင်နေကြ
ရတယ်။
သို့သော်လည်း အမှားကို သိရင် သိတဲ့ အချိန် ကနေ
စပြီးချက်ခြင်းဝန်ခံတတ်ဖို့လိုပါတယ်။
နေ့ရွေ့၊ညရွေ့မနေဘဲ မှားမှန်းသိတဲ့အချိန်ကနေ ချက်ခြင်းဝန်ခံပြီး အသက်တာကို ပြန်လည်အသစ်
တည်ဆောက်ဖို့သာအရေးကြီးပါတယ်။
ပျောက်သောသားဥပမာမှာလည်း သူ့အပြစ်ကို သိ
တဲ့အခါမှာ ချက်ခြင်းနောင်တရကာ ပြန်လည်ပြီး
အသက်တာကိုတည်ဆောက်ပြီး ဝန်ချတောင်းပန်
နိင်ခဲ့တဲ့အခါမှာ မူလသားနေရာကိုပြန်လည်ရရှိခဲ့
ရသည်။
ဒါကြောင့် ကျွန်တော်တို့ရဲ့အသက်တာမှာ မှားနေတဲ့
အရာတွေ၊ ပျင်းနေတဲ့အရာတွေ၊ ငြီးတွားနေတဲ့အ
ရာတွေ၊မနာလိုနေတဲ့အရာတွေ၊ကျေးဇူးမသိတတ်
မချီးမွမ်းတတ်တဲ့အရာတွေရှိနေတယ် ဆိုရင် အခု
ချက်ခြင်းပြုပြင်လိုက်ပါ။
မနက်ဖြန်၊သန်ဘက်ခါကိုမစောင့်ပါနဲ့ အခုချက်ခြင်း
အချိန်က ကောင်းသောအချိန်အခါဖြစ်ပါတယ်။
မှားမှန်းသိရင်ချက်ခြင်းပြင်ပါ။
မှားတာက အပြစ်ဆိုရင် မပြင်တာက အပြစ်ထက်
ပိုဆိုးပါတယ်၊အဲဒါကို ရောဂါလို့ခေါ်တယ်။
ဆရာရှင်း
၁၅.၁၂.၂၀၂၀