Showing posts with label သတင်း၊ အိမ်ခြံမြေ. Show all posts
Showing posts with label သတင်း၊ အိမ်ခြံမြေ. Show all posts

Monday, May 23, 2011

စင်ကာပူ၏ နေထိုင်စရိတ်ကြီးမြင့်လာမှုက လစာနည်း မြန်မာအလုပ်သမားများကို အခက်အခဲ တွေ့လာစေ

စင်ကာပူရောက် မြန်မာတွေ အများဆုံး ကြုံရတဲ့ နေထိုင်မှုစရိတ်တွေ ကြီးမြင့်လာမှုက
ဒီနှစ်ပိုင်းတွေမှာ ပိုမိုဆိုးလာတယ်လို့ စင်ကာပူရောက် မြန်မာအချို့က မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိ နိုင်မယ်မျှော်မှန်းချက်ဖြင့် စင်ကာပူ နိုင်ငံ
သို့ အလုပ်လုပ်ကိုင်ရန်လည်းကောင်း၊ ပညာသင်ကြားရန် လည်းကောင်း ရောက်ရှိနေကြ
သည့် မြန်မာအများစုသည် နေထိုင် စရိတ်ကြီးမြင့်လှတဲ့ အတွက် ရတဲ့လစာကို အိမ်လခ
အတွက် အများဆုံး အသုံးပြုကြရကြောင်း ၎င်းတို့ က ပြောပါတယ်။

အစိုးရကတည်ဆောက်တဲ့ တိုက်ခန်းတွေနဲ့ ပုဂ္ဂလိကကွန်ဒိုတွေ နှစ်မျိုး ရှိတဲ့ အနက်
အစိုးရတိုက်ခန်းတွေက ဈေးပို သက်သာတယ်လို့ ဆို ပါတယ်။ဒါပေမယ့်လည်း အစိုးရ
တိုက်ခန်း တစ်ခန်းရဲ့ငှားခက မြန်မာနိုင်ငံနဲ့ ယှဉ်ရင် မသက်သာလှပါဘူး။အိပ်ခန်းသုံးခန်း
နဲ့ ရေချိုးခန်း၊ မီးဖို ချောင်ပါတဲ့ စတုရန်း ၈၀၀ လောက်ရှိတဲ့ အခန်းတစ်ခန်းရဲ့ ငှားခက
တစ်လကို အနည်းဆုံး စင်ကာပူဒေါ်လာ နှစ်ထောင်အထက်ရှိပါတယ်။"တစ်ဦးက အခန်းကို
ပင်တိုင် ငှားလိုက်တယ်။ ကျန်တဲ့ အခန်းတွေကို လူထပ်ငှားတယ်။ အခန်းတစ်ခန်းကို ၅၅၀
လောက်နဲ့ ငှား လိုက်ရင် နှစ်ဦး လောက်ဆို ကိုယ်ကတစ်ဝက်လောက်ပဲ ပေးရတော့တယ်။
ကျန်တဲ့ ရေ၊ မီး၊ အင်တာနက်သုံးတာတွေကို အချိုးကျ ကျခံရတယ်" လို့ စင်ကာပူမြို့ ဂျလန်း ရာဂျာမှာနေထိုင်တဲ့ မ၀င်းဝင်းက ပြောပါ တယ်။

သူတို့မိသားစုက အခန်းသုံးခန်းပါတဲ့ တစ်လကို စင်ကာ ပူဒေါ်လာ ၂,၂၀၀ တန် အခန်းတစ်
ခန်းကို အရင် ငှားလိုက်ပြီး ကျန်တဲ့ နှစ်ခန်းကို လူနှစ်ဦးကို ပြန်ငှားထားပါတယ်။ အခန်းလေး
တွေက ကျဉ်းပေမယ့် ပရိဘောဂတွေ အပြီးအစီးပါဝင်ပါတယ်။ အိမ်သာ၊ ရေချိုးခန်းကိုတော့ ဘုံသုံးကြပါတယ်။ ဒီတိုက်ခန်းတစ်ခန်းကို ငှားရမ်းခက တစ်လကို ၂,၂၀၀ ဆိုတော့ မြန်မာငွေနဲ့
တစ်လကို ၁၅ သိန်းကျော်ကျပါတယ်။

"ဒီလောက်ပမာဏနဲ့ဆိုရင် မြန်မာ နိုင်ငံမှာ နေရာကောင်းကောင်းမှာ လုံးချင်းနဲ့ နေလို့ရတယ်။
ဒီမှာတော့ သူများနဲ့ ပေါင်းနေရတာပဲ" လို့ သူက ပြောပါတယ်။ဒီအခန်းကိုရဖို့အတွက် အခန်းစ
ငှားသူကပွဲစားကို တစ်လစာပေးရသလို အိမ်ရှင်ကိုလည်း တစ်လစာ စပေါ်တင် ပေးထားရပါ
တယ်။ ဒါက ထုံးစံပါပဲ။"ကိုယ်က တစ်လစာအိမ်ရှင်ကို စပေါ် ပေးထားရသလို ကိုယ်ပြန်ငှားထား
တဲ့ သူတွေဆီကလည်းပြန်ယူမှ ကိုယ်မစိုက် ရမှာလေ။ မဟုတ်ရင် ဒီကစရိတ်နဲ့က မလွယ်ဘူး"
လို့ မ၀င်းဝင်းက ပြောပါတယ်။သူတို့ကိုကြည့်ရတာ နေရာကျဉ်း ကျဉ်းကျပ်ကျပ်မှာ နေရတာကို
စိတ် အိုက်ပုံမရဘဲ နေသားကျနေပုံပါပဲ။ "အခုဈေးတွေက ပြီးခဲ့တဲ့ နှစ်နှစ်နဲ့ ယှဉ်ရင် တော်တော်တက်လာတယ်လို့ ပြောလို့ရတယ်။ အရင် ၁,၅၀၀ လောက် ပဲ ပေးရတဲ့အခန်းတွေ
ကအခု ၂,၀၀၀ ကျော်လာတယ်"လို့ သူက ဆက်ပြောပါတယ်။

ဒီလိုဈေးနှုန်းတွေ တက်လာတဲ့ အတွက်လည်း လစာများများမရတဲ့ မြန်မာ အလုပ်သမားတွေက
ကျော တစ်ခင်းစာ အိပ်လို့ရမယ့် အခန်းတွေမှာ တခြားသူတွေနဲ့အတူ စုပေါင်းနေထိုင် လာကြပါ
တယ်။ အခန်းငယ်တစ်ခန်းအတွင်းမှာ နှစ်ထပ်ခုတင် နှစ်လုံးလောက် သွင်းထား ပြီး လူလေးဦး
လောက် စုနေကြရတဲ့ အတွက် တစ်လကို စင်ကာပူဒေါ်လာ ၃၀၀ ကနေ ၃၅၀ ၀န်းကျင်သာ
ပေးရပါတယ်။ဒါပေမယ့်အခန်းဖော်တွေကြောင့်စိတ်အနှောင့်အယှက် အရမ်းဖြစ်ရပါ တယ်လို့ အိုင်တီဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှာ အလုပ်လုပ် နေတဲ့ မအိအိထူးက ပြောပါတယ်။

"အခန်းဖော်က မြန်မာမဟုတ်ဘဲ စင်ကာပူ တရုတ်မတွေဆိုရင် ဒုက္ခရောက်တာပဲ။ ကိုယ်ပဲ အခန်းသန့်ရှင်းရေးကအစ ဒိုင်ခံလုပ်ရ တယ်။ အများနဲ့နေရတာ ဆိုတော့ သိပ်စိတ်ဆင်းရဲရ
တယ်။ဒါကြောင့်အခန်းရှာတဲ့အခါကိုယ့်မြန်မာအချင်းချင်းနေရတဲ့ အခန်းကိုပဲမေးရ တယ်"လို့ သူကပြောပါတယ်။ အခန်းကျဉ်းကလေးထဲမှာ လူလေးဦးလောက် စုပြုံနေရပေမယ့် သူတို့ပေး
ရတဲ့အခန်းခက တစ်လကို မြန်မာငွေနဲ့ဆိုရင် နှစ်သိန်းခွဲလောက် ပေးရပါတယ်။

"အထွေထွေလုပ်သားတွေဆိုရင် လစာတစ်လကို ၇၀၀ ကျော်၊ အိုဗာတိုင် ရှိမှ တစ်ထောင်နီး
ပါးရတာ။ ကိုယ့်ဟာကိုယ် အိမ်ငှားနေဖို့ ဆိုရင် မဖြစ်နိုင်ဘူး။ ဒီတော့ အလုပ်ကပေးတဲ့ နေရာ
မှာပဲ သူများတွေနဲ့ ပြွတ်သိပ်နေကြရတယ်" လို့ ဆောက်လုပ်ရေးအင်ဂျင်နီယာ တစ်ဦးကလည်း
ပြောပါတယ်။လက်ရှိမှာ စင်ကာပူက အစိုးရတိုက် ခန်းငှားခတွေက အိပ်ခန်းသုံးခန်းပါရင်
စင်ကာပူဒေါ်လာ ၂,၂၀၀ ကနေ ၂,၆၀၀ လောက်၊ အခန်းနှစ်ခန်းပဲပါမယ်ဆိုရင် ၁,၈၀၀ ကနေ
၂,၀၀၀ ၀န်းကျင်ရှိနေပါတယ်။"အများစုကဒီက စင်ကာပူလူမျိုးတွေနဲ့ တွဲမနေချင်ကြဘူး။
ဒီတော့ အိမ်ရှာဖို့ ၀က်ဘ်ဆိုက်တွေကြည့်သလို မြန်မာတွေအများဆုံး ရှိတဲ့ ပင်နီဆူလာပလာဇာ
ကို သွားကြတယ်။အဲဒီမှာဝန်ဆောင်မှုလုပ်ငန်းတွေအကုန်ရှိတယ်။အိမ်ပွဲစားတွေလည်းရှိတယ်။
ကိုယ်က ငှား ချင်ရင်လည်း ရတယ်။ ပြန်ငှားမယ်ဆိုလည်း အဲဒီမှာ ကြော်ငြာသွားကပ်ထား
လို့ရတယ်"လို့ အဆိုပါ အင်ဂျင်နီယာက ဆက်ပြော ပါတယ်။

ပုဂ္ဂလိက ကွန်ဒိုအခန်းတွေဆိုရင်တော့ ငှားခက နေရာနဲ့ အကျယ်ပေါ် မူတည်ပြီး တစ်လကို
စင်ကာပူဒေါ်လာ ၂,၈၀၀ နဲ့ အထက် ရှိပါတယ်။ ဒါပေမယ့် မြန်မာအများစုကတော့ အစိုးရ
တိုက်ခန်း တွေမှာပဲနေကြတာ များပါတယ်။ တိုက်ခန်းဝယ်ယူဖို့ ဆိုတာကတော့ စင်ကာပူ
နိုင်ငံသားအဖြစ် ပြောင်းလဲ ထားသူတွေကသာ အစိုးရတိုက်ခန်းတွေကို နှစ်ရှည်ချေးငွေနဲ့
ဝယ်ခွင့် ရတာပါ။ ဒါပေမယ့် ပီအာရ်လို့ခေါ်တဲ့ ရေရှည်နေထိုင်ခွင့်ရထားသူတွေက ပုဂ္ဂလိက ကွန်ဒိုတွေကိုတော့ ၀ယ်ခွင့်ရပါ တယ်။

အစိုးရတိုက်ခန်းဝယ်ခွင့်ရသူတွေကတော့ လစာနဲ့ အသက်ပေါ်မူတည်ပြီး နှစ် ၂၀၊ နှစ် ၃၀
အရစ်ကျစနစ်နဲ့ ၀ယ်ယူ နိုင်ပါတယ်။ ဒီလိုနေထိုင်ရေးစရိတ်ကြီးမြင့်လာမှုကြောင့်စင်ကာပူ
မှာရောက်နေတဲ့ မြန်မာအများစုကလစာကိုကောင်းကောင်း မစုဆောင်းနိုင်ဘဲ အသုံးစရိတ်
ထဲကိုသာ ပြန်လည်အသုံးချရတာကြောင့် ရေရှည် ရပ်တည်ဖို့ မလွယ်ကူလှဘူးလို့
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မြန်မာတိုင်းသတင်းဂျာနယ်မှဖော်ပြထားပါသည်။