Monday, August 31, 2009

၂၀၀၉ ခုနှစ်သမာကျမ်းစာနေ့ကျမ်းစာပြိုင်ပွဲ



နှစ်သိမ့်ခွန်အားပေးသနား၊နှုတ်ကပါတ်သမာတရား
အသင်းတော်၏နှစ်စဉ်နှစ်တိုင်းပြုလုပ်လေ့ရှိသည့်သမာကျမ်းစာအလွတ်ဆိုပြိုင်ပွဲကိုလည်း ၂၉.၈.၂၀၀၉
ရက်နေ့တွင်ကျင်းပနိုင်ခဲ့ပါသည်။ဒီနှစ်မှာတော့ပြိုင်ပွဲဝင်ဦးရေသည်မနှစ်ကထက်စာရင်ပိုမိုများပြားလာ
သည်ကိုတွေ့ရှိရပေသည်။စုစုပေါင်းပါဝင်ယှဉ်ပြိုင်သူ(၂၅)ဦးရှိပါသည်။အတန်းအလိုက်ပါဝင်ယှဉ်ပြိုင်ရသည့်
ကျမ်းချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
(၁)အငယ်တန်း ဆာလံကျမ်း ၂၃း၁-၆ ဖြစ်ပါသည်ဆုရရှိသောသူများမှာ
ပထမ ၊ယေ့ပလိပ်
ဒုတိယ၊မောင်အိုက်လူနှင့်မအားဆော
တတိယ၊ယေ့နယမ်းတို့ဖြစ်ကြပါသည်။
(၂)အလယ်တန်း တွင် ဆာလံကျမ်း ၁၂၁း၁-၈ထိဖြစ်ပါသည်။ဆုရရှိသောသူများမှာ
ပထမ ၊ယေ့နန်းရိုင်း
ဒုတိယ၊မောင်လီလောင်
တတိယ၊ယေ့နန်းမိန် တို့ဖြစ်ကြပါသည်။
(၃)အကြီးတန်းအဆင့်တွင် ရှင်မသဲ ၅း၁-၁၂(တောင်ပေါ်ဒေသနာ)ကိုအလွတ်ဆိုယှဉ်ပြိုင်သွားကြပါသည်။
ဆုရရှိသောသူများမှာ
ပထမ ၊ညောင်စန်းလွန်း
ဒုတိယ၊နော်သွေးသိန်း
တတိယဆု၊ စောကျော်ဆန်းငြိမ်းနှင့်နော်သွေးသိန်းတို့မှပူးတွဲရရှိသွားပါသည်။
(၄)အင်္ဂလိပ်စာကျမ်းမူအလွတ်ပြိုင်ပွဲကို Psalm 121:1-6(NIV Version) ဖြင့်ပါဝင်ယှဉ်ပြိုင်သွားကြပါသည်
ဆုရရှိသောသူများမှာ
ပထမ ၊စောဂေးဝါး
ဒုတိယ၊စောအောရိန်း
တတိယ၊နော်သွေးသိန်းတို့မှအသီးသီးရရှိကြပါသည်။
ဝိုင်းဝန်းကူညီမစကြသည့်အားလုံးကိုအသင်းတော်မှကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
အမှတ်တရဓာတ်ပုံများကိုလည်းဖော်ပြလိုက်ပါသည်။

No comments: