Showing posts with label မင်္ဂလာတရားတော်. Show all posts
Showing posts with label မင်္ဂလာတရားတော်. Show all posts

Monday, June 27, 2011

မင်္ဂလာတရားတော်

၁။ စိတ်နှလုံး နှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။
၂။ စိတ်မသာ ညည်းတွား၊ ငိုကြွေးသောသူတို့သည် မင်္ဂလာရှိကြ၏။
၃။ စိတ်နူးညံ့သိမ်မွေ့သော သူတို့သည် မင်္ဂလာရှိကြ၏။
၎။ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်၊ ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။
၅။ သနားစုံမက်တတ်သော သူတို့သည် မင်္ဂလာရှိကြ၏။
၆။ စိတ်နှလုံး ဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။
၇။ သူ့တပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။
၈။ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်၊ညှင်းဆဲခြင်း ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။
၉။ ယေရှုခရစ်ကြောင့် ကဲ့ရဲ့၊ ညှဉ်းဆဲ ခံရ၍ မဟုတ်မမှန် အပြစ်တင်ခံရသောအခါ မင်္ဂလာရှိကြ၏။
၁၀။ ဆင်းရဲသောသူတို့သည် မင်္ဂလာရှိကြ၏။
၁၁။ ငတ်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။
၁၂။ ယေရှုခရစ်ကြောင့် သူ့တပါး၏ မုန်းတီး၊ ညင်းပယ်၊ ကဲ့ရဲ့၊ ရှုတ်ချခြင်း ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်သည့်အတွက် ပညတ်များ ပေးခြင်းဖြင့် ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ်တို့အား သိစေသည်။ မေတ္တာ ပညတ်များသည် ကျွန်ုပ်တို့ အသက်တာ၌ ပြည့်စုံကျေနပ်ခြင်းနှင့် ၀မ်းမြောက်ခြင်း နည်းလမ်းကို ညွှန်ပြသောကြောင့် ပျားရည်ထက် ချို၏။ ဆာလံ ၁၉း ၁၀

တောင်ပေါ်ဒေသနာ၌ ခရစ်တော် ပေးသော ပညတ်များသည် ကောင်းကင်နိုင်ငံတော်အတွက် နည်းဥပဒေသများ ဖြစ်သည်။ ကိုယ်တော်၏ တန်ခိုးဖြင့် လိုက်လျှောက်သောသူသည် .. ကျေအေး၊ ပြေငြိမ်းခြင်း ၊ ငြိမ်သက်ခြင်း၊ ချစ်ခြင်း နှင့် ၀မ်းမြောက်ခြင်း .. စသည့် ကောင်းကင်နိုင်ငံတော်၏ အရသာကို မြည်းစမ်းရမည်။
ကိုယ်တော်၏ ပညတ်များကို ငြင်းပယ်ခြင်းကြောင့်၊ ၀မ်းနည်းခြင်း၊ ရှုပ်ထွေးခြင်း၊ ပျက်စီးခြင်း နှင့် သေခြင်း တွေ့ကြုံနေရသော ဤခေတ်တွင် ကိုယ်တော်၏ ပညတ်များမှာ အထူးလိုအပ်၊ အဖိုးတန်သည် မဟုတ်ပါလော။

ဘုရားသခင်၏ ပညတ်များသည် ကျောက်ပြားတွင် ရေးထွင်းထားသည့် ဆီးတားပိတ်ပင်ချက်များ မဟုတ်ဘဲ၊ ၀မ်းမြောက်၊ငြိမ်သက်သည့် အသက်တာသို့ ပြညွှန်၊သွန်သင်ချက်များ ဖြစ်သည်။ ကွန်ုပ်တို့ ကောင်းစားဖို့ မေတ္တာရှင်ပေးသည့် ပညတ်ဖြစ်သောကြောင့် လိုက်လျှောက်လျှင် ဧကန်မုချ ကျွန်ုပ်တို့ ပျော်ရွှင်၊၀မ်းမြောက်မှု ရလိမ့်မည်။
ဤပညတ်များကို ဆင်ခြင်အောက်မေ့လျှက် နေ့စဉ် အသက်တာ၌ လက်တွေ့ကျင့်သုံးခြင်းဖြင့် သင့်အပေါ် ကောင်းကြီးမင်္ဂလာ ဖြစ်ပါစေ။ အာမင်