သူ့ အသက်တာ၏ အထင်ရှားဆုံး ညတွင် လူသားစား ခြသေ့င်္ များနှင့် အတူ ပိတ်လှောင် ထားခြင်းခံရသော သူဖြစ်သည်။ ထိုည သူ၏ အသက် သည် (၈၀) ၀န်းကျင်ခန့်ရှိမည် ဟု ခန့်မှန်းရပြီး၊ သူ့ဘ၀၏ နောက်ဆုံးည ဖြစ်မည်ဟု သူကိုယ်တိုင် ထင်ကောင်းထင်ခဲ့မိပေလိမ့်မည်။ သူ့ကို ရင်းနှီးချစ်ခင်သော သူ့၏မိတ်ဆွေ ဘုရင်ကြီးသည်လည်း ထိုနည်း၎င်းခံစားရ မည်မှာ မြေကြီးလတ်ခတ်မလွဲပင်။ ကလိမ်ကကျစ် အကွက်ဆင်ခြင်း၊ မတရား ထောင်ချောက်ဆင်ခြင်း များ၏ နောက်၊ ခြသေ့င်္ လှောင်ချိုင့် အတွင်း ပစ်ချစေ ဟူသော ပြစ်ဒဏ်စီရင်ခြင်း ကို သူ၏ မိတ်ဆွေ ဘုရင်ကြီး ကိုယ်တိုင် အမိန့်ထုတ်ပြန် ခံရသော ဒံယေလ။ ဘုရင်ကြီးကိုယ်တိုင် ထိုနေ့ တညလုံး စားတော်မခေါ်ဘဲ အစာရှောင် ဆုတောင်း ကောင်းဆုတောင်းနေပေလိမ့်မည်။ သူ ကိုယ်တိုင် အစာရှောင် ဆုတောင်းသကဲ့သို့ လှောင်ချိုင့်အတွင်းမှ ခြသေ့င်္ များလည်း အစာရှောင် ဆုတောင်းနေကြရင် အရမ်း ကောင်းမှာဘဲ ဟု ပင်တချက်တချက် စဉ်းစားနေပေလိမ့်မည်။
ဒံယေယ သည် ကုန်လွန်ခဲ့ပြီးသော နှစ်ပေါင်း (၆၀) ပတ်ဝန်းကျင် ခန့်မှ စတင် ပြီး ဤ သဲထိတ်ရင်ဖို ဘ၀ ဇတ်လမ်း တွင် ပါဝင်၊ ကပြ၊ အသုံးတော်ခံခဲ့ရသည်။ ထိုအချိန်တွင် သူသည် ဆယ်ကျော်သက် အရွယ်ဖြစ်ပြီး၊ မိုင်ထောင်ချီဝေးသော တနေရာတွင် ရှိနေခဲ့သည်။
မင်းသား ဒံယေလ အဖြစ် ဂျူးဘုရင် တစ်ပါး၏ ရွှေတော်မျိုးတော်ဝင် တော်ဝင် မင်းသားတစ်ပါးဖြစ်ခဲ့သည်။ ဘီစီ ၅၉၇ ခုနှစ်တွင် ဘေဘီလုန် ဘုရင် နေဗုချဒ်နေဇာ က သူ့ကို အခွန်ပေးရန် ငြင်းဆိုသော ဂျေရုရှလင်ကို အပြစ်ပေးရန် ကျူးကျော်သိမ်းပိုက်ပြီး သုံ့ပန်းအဖြစ် ဘေဘီလုန် နိုင်ငံသို့ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ အမှန်တကယ်တော့ အခွန်ပေးရန်ငြင်းဆန်ခဲ့သော ဂျူးရှင်ဘုရင် ယောယကိမ် သည် ဘေဘီလုန် စစ်တပ် ရောက် မလာခင်တွင် နတ်ရွာစံခဲ့ပြီး အသက် (၁၈) နှစ်သာရှိသေးသည့် သားတော် ယေခေါနိ အုပ်ချုပ်မင်းလုပ်သည့် ကာလဖြစ်သည်။
နေဗုချဒ်နေဇာ သည် ဘုရင့် နန်းတော် နှင့် ဗိမ္မန်တော် တွင်း ရှိသမျှကို ယူဆောင် သွားပြီး သုံ့ပန်းအဖြစ် ဂျူးလူမျိုး တစ်သောင်းကျော်ကို လည်းဘေဘီလုန် နိုင်ငံသို့ ခေါ်ဆောင်သွားသည်။ သူခေါ်ဆောင်သွားသည့် သုံ့ပန်းများတွင် ဂျူးလူမျိုးတို့၏ အကောင်းဆုံး အတော်ဆုံး ပန်းပဲ၊ ပန်းပု ပညာရှင်များ၊ လက်မှုပညာရှင်များ၊ နန်းတွင်း မင်းညီမင်းသားများ၊ စစ်မှုရေးရာ ကျွမ်းကြင်သူများ ပါဝင်သည်။ အဆင်းရဲဆုံး သူများသာ ဂျေရုရှလင်တွင် ကျန်ရစ် ခဲ့သည်။ (ဓမ္မရာဇ၀င် စတုတ္ထစောင် ၂၄း၁၄)။
ထိုအချိန်တွင် ဒံယေလ သည် ဂျူးရှင်ဘုရင် ယေခေါနိ နှင့် အသက်အရွယ် မတိမ်းမယိမ်း သာသာရှိပေမည်။ သမိုင်းပညာရှင်များက ဒံယေလ နှင့် ဘုရင် ယေခေါနိ တို့ကို သုံ့ပန်းအဖြစ်ခေါ်ဆောင်သည့် ခရီးတွင် မင်းညီမင်းသားများဖြစ်သည့် အတိုင်း ကောင်းမွန်စွာ ခေါ်ဆောင်သွားသည် ဟုဆိုသည်။
အဘယ်ကြောင့်ဆိုသော် သမိုင်းအထောက်အထားများအရ၊ ဘေဘီလုန် နိုင်ငံသည် ကျူးကျော်သိမ်းပိုက်ခြင်းပြုသောအခါ အကောင်းဆုံး၊ အတော်ဆုံး လူများကို ၄င်းတို့ နိုင်ငံ၏ လူမှုအဖွဲ့အစည်း တိုးတက်ရာတိုးတက်ကြောင်းတို့တွင် အသုံးချရန် ထိမ်းသိမ်းလေ့ရှိသောကြောင့်ဖြစ်သည်။
ယနေ့ ဘဂ္ဂဒက် ဟုလူသိများပြီး ထိုအချိန်က ဘေဘီလုန်ဟုခေါ်သည့် နိုင်ငံရောက်သောအခါ သုံ့ပန်းများ ထဲမှ အတော်ဆုံး လူများကို ရွေးပြီး ဘုရင့် နန်းတော်၏ အမှုတော်များ ထမ်းဆောင်ရန်အတွက် လေ့ကျင့်ပေးရန် ဘုရင်ကြီးက အမိန့်ပေးလိုက်သည်။ (ဒံယေလ ၁း၎) တွင် “မကောင်းသော လက္ခဏာ ကင်းလျက်၊ လှသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၍၊ ကောင်းသော ဥာဏ်နှင့် တကွ အထူးထူးအပြားပြားသော အတတ် ပညာများကို လေ့ကျက်၍၊ နန်းတော်၌ အမှုထမ်းခြင်းငှါ တတ်စွမ်း နိုင်သော လူပျိုတို့ကို ဣသရေလ မင်းမျိုးမင်းသားထဲက ရွေးကောက်၍၊ ခါလဒဲ ဘာသာအတတ်ကို သင်စေဟု အမိန့်တော်ရှိ၏” ဟုဖော်ပြထားသည်။
ရွေးချယ်ခြင်းခံရသူများတွင် ပုဂ္ဂိုလ်လေးယောက် တို့သည် နောက်ပိုင်းတွင် ထင်ပေါ်ကျော်ကြားသည့် လူသိများသူများ ဖြစ်လာသည်။ ထိုလေးယောက်သည် Daniel နှင့် နောက်ပိုင်းတွင် မီးရှို့သတ်ခြင်း ခံရသော်လည်း အသက်မသေသော Shadrach, Meshach နှင့် Abednego တို့ဖြစ်သည်။
ဘုရင်ကြီးက အနာဂတ် နန်းတော် အကြံပေးအရာရှိများ၊ အမှုထမ်းဖြစ်လာမည့် ဒံယေလနှင့် အပေါင်းအပါ တို့ကို အကောင်းဆုံး အစားအစာ များဖြင့် ကျွေးမွေးပြုစုရန် အမိန့်ပေးသည်။ သို့သော် ဒံယေလ သည် အသားစား ရန် ငြင်းဆန်ပြီး ဂျူး ထုံးစံ kosher အစားအသောက်များ ကိုသာ စားသုံးလိုကြောင်း စောဒကတက် ခဲ့သည်။ ဂျူးလူမျိုး တို့၏ အစားအစာတွင် ၀က်သား၊ ယုံသား နှင့် အချို့သော အသားများကို မစားဘဲ အခြားသော အသားများကို လည်း သွေးမပါမှသာ စားသုံးခွင့် ရှိသည်။ ဒံယေလ နှင့် အပေါင်းအပါ သုံးယောက် တို့သည် သက်သတ်လွတ် သာစားသုံးသော်လည်း၊ အခြားသူများထက် ပိုမို၍ ကျမ်းမာ သန်စွမ်းကြောင်း သမ္မာကျမ်းစာ တွင်ဖော်ပြထားသည်။
သုံးနှစ်တာ ကာလကုန်ဆုံးသောအခါ ဘုရင်ကြီးသည် ဒံယေလ နှင့် အပေါင်းအဖော် သုံးယောက် တို့ကို အလွန့်အလွန် သဘောကျပြီး အချိန်ပြည့် (permanent) နန်းတော် အမှုထမ်းများအဖြစ် ခန့်အပ်တာဝန် ပေးအပ်လိုက်သည်။
ဘုရင်ကြီး၏အိပ်မက်
ဒံယေလ သည် ဘုရင့်နန်းတော်တွင် အကြံပေးအရာရှိအဖြစ် နှစ်ပေါင်း ၆၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ သူထမ်းဆောင်သည့် တာဝန်များတွင် ဘုရင်ကို အကြံပေးခြင်း အပြင် မည်သူမျှ အဓိပ္ပါယ် မကောက်နိုင်ခဲ့သော ဘုရင်၏ အိပ်မက်များ အကြောင်းကို အဓိပ္ပါယ်ကောက်ပေးခဲ့ခြင်းသည်လည်း ထင်ပေါ်ခဲ့သည်။ နေဗုချဒ်နေဇာ ဘုရင်အား ဘုရားသခင် က မက်စေသည့် အိမ်မက် ကို ဘုရားပေးသော ဥာဏ်ပညာဖြင့် မှန်ကန် စွာ အဓိပ္ပါယ် ကောက်ပေးခဲ့ခြင်းနှင့် ဗေလရှာဇာ မင်းကြီးလက်ထက် ဘုရင်နှင့် မှူးမတ်များ သောက်စား၊ ပျော်ကျူးကြသည့် အချိန် နံရံပေါ် တွင် လက်တစ်ချောင်း ပေါ်လာပြီး မည်သူမျှ နားမလည်နိုင်အောင် ရေးသည့် စာကြောင်းကို အဓိပ္ပါယ် ပြန်ပေးခဲ့ခြင်းတို့ဖြစ်သည်။
ဒံယေလ သည် ဘုရင်ကြီးနေဗုချဒ်နေဇာ ၏ အိပ်မက်တွင် မြင်သော ရုပ်တုကြီးနှင့် ဆက်နွယ်သော အဓိပ္ပါယ်၊ ဗျာဒိတ် ကိုဘုရားပေးသော ဥာဏ်ပညာအားဖြင့် မှန်ကန်စွာ ပြောနိုင်၊ ဖွင့်နိုင်ခဲ့သည်။
အမှန်တကယ်တော့ ဘုရင်ကြီး ကိုယ်တိုင်က သူ၏ အိမ်မက်တွင် မြင်မက်ခဲ့သည့် အရာကို မပြောခဲ့ပါ။ ဒံယေလ သည် ဘုရင်ကြီး၏ အိပ်မက်တွင် ဘာကိုမြင်မက်ခဲ့သည် ဆိုသော အရာကို၎င်း၊ အိပ်မက်၏ အနက်အဓိပ္ပါယ်ကို၎င်း ဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။ ဘုရင်၏ အိပ်မက်တွင် မြင်သော ရုပ်တုကို အမျိုးမျိုးသော သတ္တုများ၊ ရွှေ၊ ငွေ၊ ရွှံ့မြေ များဖြင့် ပြုလုပ်ထားခြင်းသည် နောင်အနာဂတ်တွင် ဖြစ်ပေါ်လတ္တံ့သော အင်ပါယာ နိုင်ငံ အသီးသီးကို ကိုယ်စားပြုကြောင်း ဒံယေလ ကဟောခဲ့သည်။ မည်သည့် အင်ပါယာ၊ တိုင်းနိုင်ငံများဖြစ်ကြောင်း နာမည်နှင့် တကွ မပြောခဲ့သော်ငြားလည်း လူသားတို့၏ သမိုင်း က ဒံယေလ ပြောသည့် အတိုင်း နောင် နှစ်ပေါင်းများစွာ ကြာသောအခါ ဖြစ်ပျက်ခဲ့ကြောင်း သက်သေထူ ပြောပြခဲ့ပေပြီ။
ဦးခေါင်းကို ရွှေဖြင့် ပြုလုပ်ထားပြီး နေဗုချဒ်နေဇာ ၏ ထိုစဉ်က အခြေအနေကို ကိုယ်စားပြုသည်။ ငွေ နှင့် ကြေးနီ ဖြင့် ပြုလုပ်ထားသော ရုပ်တု၏ အစိတ်အပိုင်းသည် နောင်ပေါ်ထွန်းလာသော Medes Empire နှင့် Persian Empire တို့ကို ကိုယ်စားပြုသည်။ လူသားတို့၏ သမိုင်းကိုလေ့လာလျှင် ဘီစီ ၆၇၈ နှင့် ဘီစီ ၅၄၉ ၀န်းကျင်တွင် ရှေးခေတ် အီရန် လူမျိုးများ ဟုခေါ်ဆိုနိုင်သည့် Medes Empire ဖြစ်ထွန်းခဲ့သည်။ တဖန် ဘီစီ ၅၅၀ မှ ဘီစီ ၃၃၆ ကြားတွင် ပါရှန်းအင်ပါယာ (အီရန်အင်ပါယာ) ပေါ်ထွန်းလာကြောင်း သမိုင်း က အခိုင်အမာ သက်သေထူ ခဲ့ပြန်သည်။
ဒံယေလက ထို အင်ပါယာတို့ကို သံဖြင့် ပြုလုပ်သော ရုပ်တုအစိတ်အပိုင်းကို ကိုယ်စားပြုသော သံ အင်ပါယာနိုင်ငံ တစ်ခုက ချေမှုန်း ဖျက်ဆီးပြီး အဆုံးသတ်စေလိမ့်မည်ဟု ဟောခဲ့သည်။ သမိုင်းကို ပြန်ကြည့် လျှင် Medes နှင့် Persian အင်ပါယာ နောက်တွင် အင်အားကြီးလာသော ဂရိအင်ပါယာ နိုင်ငံမှ Alexandria the Great သည် ပါရှန်းအင်ပါယာ နိုင်ငံကို ချေမှုန်းဖျက်ဆီး ခဲ့သည်ကိုတွေ့ရသည်။ ရုပ်တု၏ ခြေထောက်ကို သံ နှင့် မြေစေး ရောနှော ထုလုပ်ထားပြီး၊ Alexandria the Great နတ်ရွာစံပြီးနောက်တွင် သူ၏ အင်ပါယာ နိုင်ငံကို ဗိုလ်ချုပ်ကြီးများက ခွဲခြမ်း မင်းလုပ်ခြင်းကို ပုံဆောင်သည်။
ဘုရင်ကြီး နေဗုချဒ်နေဇာ ၏ နောက် အိပ်မက်ကို လည်း ဒံယေလ ကပင် အနက်အဓိပ္ပါယ် ကောက်ပေးခဲ့သည်။ ထိုအိမ်မက် အရ ဘုရင်ကြီးကို ဘုရားသခင် ဒဏ်ခတ်သည့် အနေဖြင့် တိရိစ္ဆာန်ကဲ့သို့ ၇ နှစ် နေထိုင် ရမည်ဖြစ်ပြီး မြက်ရိုင်းပင် များကို စားသောက် ကာ အရိုင်းအစိုင်း ဘ၀ဖြင့် နေထိုင်ရမည်ဟု ဆိုသည်။ လူ့ သမိုင်းစာအုပ်များတွင် ဘုရင် နေဗုချဒ်နေဇာ တိရိစ္ဆာန်ကဲ့သို့ ၇ နှစ်နေထိုင်ခဲ့ကြောင်း အထောက်အထား မတွေ့ရ သော်လည်း ဒံယေလ အနာဂတ္တိကျမ်း တွင် ဖော်ပြ ရေးသားထားသည်ကို တွေ့ရသည်။ ၇ နှစ်ပြည့် ပြီးနောက် ဘုရင်ကြီးသည် သူ၏ အပြစ်အတွက် နောင်တရပြီး ဘုရင်ရှင်ကို ကျေးဇူးတော်ချီးမွမ်းကာ ဘုရင်အဖြစ် ပြန်လည် စိုးစံသည် ဟုဖော်ပြထားသည်။
နေဗုချဒ်နေဇာ နတ်ရွာစံသောအခါ သားတော် Belshazzar မင်းဖြစ်လာသည်။ တစ်နေ့ Belshazzar နန်းတော်တွင်း လူများစွာနှင့် အတူ သောက်စား၊ အပျော်ကျူးနေကြသည့် အချိန်တွင် ခန္ဓာကိုယ် မရှိသော လက် တစ်ချောင်း ရုတ်တရက် ပေါ်လာပြီး နံရံပေါ်တွင် Mene, Mene, Tekel, Parsin ဟု စာ တစ်ကြောင်းကို ရေးသည်။ ထို စာကြောင်းကို မည်သူမျှ အဓိပ္ပါယ် မပြန်နိုင်သော်လည်း ဒံယေလက numbered, numbered, wighted, divided ဟု ဘာသာပြန်ပေးခဲ့သည်။ အဓိပ္ပါယ်မှာ ဘုရင် Belshazzar သည် ဘုရားသခင်ကို အလေးမထား သောကြောင့် ဘုရင်လုပ်ရန် အရည်အချင်းမပြည့်မီပါ၊ ထို့ကြောင့် ဘုရားသခင်က ဒဏ်ခတ်မည် ဖြစ်ပြီး ခမည်းတော် တည်ထောင်ခဲ့သည့် အင်ပါယာ နိုင်ငံတော်ကို နှစ်ခြမ်းခွဲပစ်မည်ဟုဆိုသည်။ ထိုညတွင်ပင် ဘုရင် Belshazzar လုပ်ကြံခံရပြီး သူ၏ အင်ပါယာ နိုင်ငံသည်လည်း Medes Empire နှင့် Persian Empire ဟူ၍ နှစ်ခြမ်းကွဲသွားသည်။
အစာရှောင်သော ခြသေ့င်္
နှစ်ခြမ်းကွဲသွားသော နိုင်ငံတွင် ဒံယေလသည် တောင်ပိုင် အင်ပါယာနိုင်ငံတော်ဖြစ်သော ပါရှန်း အင်ပါယာ နိုင်ငံထဲ ရောက်သွားသည်။ ပါရှန်းဘုရင် သည် ဒံယေလ ၏ ဥာဏ်ပညာ နှင့် အရည်အချင်းကို လေးစား သူ တစ်ယောက်ဖြစ်ပြီး နန်းတော် အရေးအရာများကို စီမံခန့်ခွဲသူ အကြီးအကဲ အဖြစ်ခန့်သည်။ ဒံယေလကို မနာလို ဖြစ်သော နန်းတွင်း အရာရှိ တစ်ချို့က တဖက်လှည့် ဥာဏ်ဖြင့် ဘုရင်အား မြောက်ပင့်ကာ ဘုရင်ကြီးမှတစ်ပါး မည်သူ့ကိုမျှ အရိုအသေပေးခြင်း၊ ရှိခိုးကိုးကွယ်ခြင်း မပြုလုပ်ရ ဟူသော ဥပဒေကို ပြဌန်းစေသည်။ ထိုဥပဒေကို ချိုးဖောက်သူအား ပြစ်ဒဏ်အဖြစ် ခြသေ့င်္လှောင်ချိုင့် အတွင်းပစ်ချရမည်ဟု ပြဌန်းလိုက်သည်။ ဒံယေလ သည် ထာဝရဘုရားသခင်ကို နေ့စဉ်နေ့တိုင်း တစ်ရက်မပျက် ၀တ်ပြုကိုးကွယ်လေ့ရှိသည်ကို သိသောကြောင့် ထိုဥပဒေကို မဖြစ် ဖြစ်အောင် ဘုရင်အား မြောက်ပင့် ကော်ထိုး ပြီး ပြဌန်းစေခြင်းဖြစ်သည်။ ဒံယေလ ၏ မိတ်ဆွေဖြစ်သော ဘုရင်သည် အဖြစ်မှန်ကို မရိပ်မိသောကြောင့် ထို ဥပဒေ အတည်ဖြစ်စေရန် အမိန့်ချမှတ်လိုက်သည်။
မကြာခင် ထိုဥပဒေ ကို ချိုးဖောက်သူ ပထမဆုံး လူသား အဖြစ် ဒံယေလကို ဖမ်းဆီးကြသော အခါ
သူကိုယ်တိုင် အတည်ပြုပေးလိုက်သော ဥပဒေဖြစ်သောကြောင့် ၀မ်းနည်းခြင်း၊ စိတ်မသာမယာ ဖြစ်ခြင်း များစွာနှင့် အတူ သူ ကိုယ်တိုင် ဒံယေလကို ခြသေ့င်္လှောင်ချိုင့် အတွင်း ပစ်ချ ရန် အမိန့်ပေးလိုက်ရသည်။ သို့သော် မနက် အာရုံလင်း သောအချိန်တွင် ဒံယေလကို ခြသေ့င်္ လှောင်ချိုင့် အတွင်း မှည့်တစ်ပေါက် မစွန်းဘဲ၊ တွေ့လိုက်ရသော အခါ၊ သူ့ကို ဆွဲတင်ပြီး ကလိမ်ကျစ် အကွက်ဆင် သူ များနှင့် အိမ်ထောင်မိသားစု အားလုံးကို ခြသေ့င်္လှောင်ချိုင့် အတွင်းပစ်ချရန် ဘုရင်က အမိန့်ပေးလိုက်သည်။
No comments:
Post a Comment